top of page

လမ်းကြောပိတ်လို့ရပ်ထားတဲ့ ကုန်ကားနဲ့ဆီဘောက်ဆာကားတွေဗုံးကြဲခံရပြီး သေဆုံးသူများပြား

  • Writer: BVJ
    BVJ
  • Dec 28, 2025
  • 1 min read

ယူဂရင်း/BVJ_ဒီဇင်ဘာ ၂၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ဘက် မြေနီလျှိုကျေးရွာအနီးရှိ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာ ရပ်နားထားတဲ့ ကုန်ကားတွေ၊ ထမင်းဆိုင်တွေကို စစ်အုပ်စုက မနေ့က နေ့လယ် ၁၂း၄၀အချိန်မှာ စစ်အုပ်စုက ဂျက်ဖိုက်တာ(၁)စီး၊ Mi 35 (၁)စီးတို့နဲ့ဗုံးကြဲခဲ့တာကြောင့် လူ ၉ယောက်သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သိရပါတယ်။


လမ်းကြောပိတ်ဆို့မှုကြောင့် Star linkဆိုင်၊ ထမင်း/စားဖွယ်ဆိုင်တွေနဲ့ဆိုင်ခန်းတွေနားမှာ ရပ်နားထားတဲ့ ခရီးသွားကုန်စည်ကား၊ ဆီသယ်ကားတွေနဲ့ဆီဘောက်ဆာကားတို့ကို ဗုံးကြဲခဲ့တာဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသူ ၉ယောက်အထိ ရှိခဲ့တာပါ။

ဒါ့အပြင် ၁၀ယောက်ထက်မနည်းလည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆီဘောက်ဆာ၊ ဆီသယ်ကားနဲ့ ကုန်စည်ကားတွေလည်း စုစုပေါင်း (၉)စီးခန့်အထိ မီးလာင်/ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။


စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်နဲ့အရပ်သားပစ်မှတ်ကို ခွဲခြားခြင်းမရှိဘဲ လေ‌ကြောင်း (ဝေဟင်) တိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတာကြောင့် ဒေသတွင်းကပြည်သူတွေ လုံခြုံရေးသတိရှိကြဖို့နဲ့ ကြိုတင်လုံခြုံရေးအစီအမံတွေပြုလုပ်ကြဖို့လည်း ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။


ကုန်ကားနဲ့ဆီဘောက်ဆာကားတွေဗုံးကြဲခံရပြီးနောက် မြင်တွေ့ရပုံ(ဓါတ်ပုံ-ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page