top of page

ပြည်ပရောက် စစ်တပ်ဆန့်ကျင်သူတွေနဲ့မီဒီယာတွေကို နိုင်ငံတကာရဲတပ်ဖွဲနဲ့ဖမ်းဆီးခိုင်းထားဟု စစ်အုပ်စုပြည်ထဲရေးဒုဝန်ကြီးပြော

Writer: BVJ
BVJ
Oct 7
1 min read

ယူဂရင်း/BVJ_အောက်တိုဘာ ၇၊ ၂၀၂၆

၂၀၂၆၊အောက်တိုဘာ ၆ရက်က စစ်အုပ်စုပြည်သူ့လွှတ်တော်မှာဖြေဆိုနေတဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ
၂၀၂၆၊အောက်တိုဘာ ၆ရက်က စစ်အုပ်စုပြည်သူ့လွှတ်တော်မှာဖြေဆိုနေတဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ

စစ်အုပ်စုကိုတွန်းလှန်တိုက်ခိုက်နေတဲ့ ပြည်ပနိုင်ငံတွေမှာခိုလှုံနေတဲ့ NUG၊ CRPH တာဝန်ရှိသူတွေ၊ PDFအဖွဲ့တွေကို ငွေကြေးထောက်ပံ့သူတွေနဲ့ ပြည်ပရောက်သတင်းဌာနတွေကို ပုဒ်မ‌တွေများစွာနဲ့အမှုဖွင့်ထားပြီး INTERPOL(နိုင်ငံတကာရဲတပ်ဖွဲ့)နဲ့ဖမ်းဆီးပေးဖို့ဆောင်ရွက်နေတယ်လို့ မနေ့က အောက်တိုဘာ ၆ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။


စစ်အုပ်စုကဖမ်းဆီးခိုင်းဖို့ကြိုးစားနေတဲ့ မီဒီယာတွေထဲမှာ အာဏာသိမ်းအစိုးရကိုဆန့်ကျင်နေတဲ့ မြန်မာနောင်း၊ Khit Thit၊ မဇ္ဈိမ၊ DVB နဲ့ဧရာဝတီသတင်းဌာနတို့ပါဝင်ပြီး မီဒီယာတွေအပါအဝင် NUG၊ CRPH တာဝန်ရှိသူတွေ၊ PDFအဖွဲ့တွေကိုငွေကြေးထောက်ပံ့သူတွေအားလုံးကို သက်ဆိုင်ရာ ရဲစခန်း၊တရားရုံးတွေမှာ ကျူးလွန်တဲ့ပြစ်မှုတွေအလိုက် ရာဇသတ်ကြီးပုဒ်မ ၁၂၄-က၊ ပုဒ်မ (၅၀၅) က ၊ ပုဒ်မ ၅၀၅-က၊ ၅၀၅-ခ၊ မတရားသင်းအက်ဥပဒေပုဒ်မ ၁၇(၁)၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)တို့နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ဆိုပါတယ်။


သင်္ဃန်းကျွန်းမြို့နယ်၊ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန်းသန်းအေးက ပြည်ပနိုင်ငံတွေမှာခိုလှုံနေတဲ့ စစ်တပ်ဆန့်ကျင်သူတွေ၊ နိုင်ငံတည်ငြိမ်ရေးထိခိုက်စေဖို့ရည်ရွယ်ပြီး သတင်းတု၊ သတင်းမှား ဖြန့်ဝေခြင်း၊ အကြမ်းဖက်လုပ်ရပ်တွေထောက်ခံအားပေးခြင်း၊ ငွေကြေးနဲ့ အကူအညီပေးသူတွေကိုဖမ်းဆီးဖို့ နိုင်ငံတကာရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေမှုတွေနဲ့ပတ်သက်ပြီး မေးမြန်းမှုကိုပြန်ဖြေခဲ့တာဖြစ်ပါတယ်။

၂၀၂၆၊အောက်တိုဘာ ၆ရက်က စစ်အုပ်စုပြည်သူ့လွှတ်တော်မှာဆွေးနွေးနေတဲ့ ဒေါ်သန်းသန်းအေး
၂၀၂၆၊အောက်တိုဘာ ၆ရက်က စစ်အုပ်စုပြည်သူ့လွှတ်တော်မှာဆွေးနွေးနေတဲ့ ဒေါ်သန်းသန်းအေး

ဒါပေမယ့် ပြည်ပရောက် စစ်တပ်ဆန့်ကျင်သူတွေနဲ့မီဒီယာတွေကို အင်တာပိုလ်နဲ့ချိတ်ဆက်ဖမ်းဆီးဖို့ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိဖမ်းဆီးမိသူတွေဟာ"ဖမ်းဆီးရမိတာအများစုကတော့ မူးယစ်တရားခံတွေဖြစ်ပါတယ်"လို့ ပြည်ထဲရေးဒုဝန်ကြီးကပြောပါတယ်။


မြန်မာနိုင်ငံအနေနဲ့ တရားခံလွှဲပြောင်းရေးအတွက် နိုင်ငံတကာနဲ့တရားဝင်လက်မှတ်ရေးထိုးထားတာမရှိပေမယ့် ၂၀၁၇ခုနှစ်စာချုပ်ချုပ်ဆိုချက်အရ အကြမ်းဖက်အဖွဲ့တွေနဲ့ပတ်သက်ပြီးဖမ်းဆီးရမိတဲ့ဖြစ်စဉ်တွေမှာ အရေးကြီးတဲ့တရားခံတွေကို သက်ဆိုင်ရာနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး နိုင်ငံအလိုက်နိုင်ငံရေးသဘောထားအခြေအနေပေါ်မူတည်ကာ ဆောင်ရွက်နေတယ်လို့လည်း စစ်အုပ်စုလွှတ်တော်မှာ ပြည်ထဲရေးဒုဝန်ကြီးကတင်ပြပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page