ယူကရိန်းတောင်ပိုင်းမှာ လမ်းဘေးဈေးသည်ကို ဒရုန်းနဲ့လိုက်တိုက်ခိုက်(ရုပ်သံ)
- BVJ

- Aug 5
- 1 min read
ယူကရိန်းနိုင်ငံတောင်ပိုင်း ခါဆန် (Kherson)မြို့မှာ လမ်းဘေးဈေးသည်တစ်ဦးကို ဒရုန်းတစ်စီးကနောက်ကနေလိုက်ပြီး ဒဏ်ရာရအောင်တိုက်ခိုက်နေတဲ့ ဗီဒီယိုဖိုင်ထွက်ပေါ်လာပြီးနောက် ဒါဟာရုရှားနိုင်ငံရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုပဲလို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာ (Andrii Sybiha) က စွပ်စွဲလိုက်ပါတယ်။
ရုရှားရဲ့ ဒရုန်းတိုက်ခိုက်ခံရတဲ့ အဲ့ဒီလမ်းဘေးစျေးသည်ဟာဒဏ်ရာရသွားပေမယ့် အသက်မသေဆုံးဘူးလို့သိရပါတယ်။
(ဒီဗီဒီယိုဖိုင်ထဲမှာ စိတ်မချမ်းမြေ့စရာရုပ်ပုံတွေပါဝင်ကြောင်း ကြိုတင်သတိပေးအပ်ပါတယ်)
ဗီဒီယိုခရက်ဒစ် - Reuters



Comments