top of page

တတိယကမ္ဘာစစ်စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြီး ပြော

  • Writer: BVJ
    BVJ
  • Jun 14
  • 1 min read

BVJ/Moore _ ဇွန် ၁၄ ၊ ၂၀၂၅

ree

အီရန်နိုင်ငံကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့နိုင်ငံများးအကြား တင်းမာမှုတွေမြင့်တက်လာချိန် တတိယကမ္ဘာစစ် စတင်နေပြီလို့ ရုရှားစစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ပြောဆိုလာကြောင်း အင်္ဂလန်သတင်းဌာန The Mirror က ဖော်ပြထားပါတယ်။


တတိယကမ္ဘာစစ်အတွက် အသင့်ပြင်ထားဖို့ တပ်သားသစ် တစ်သန်းကျော်အထိ လိုအပ်တယ်လို့ ရုရှားစစ်ဘက်ဆိုင်ရာ ဗိုလ်ချုပ်ကြီး Apti Alaudinov က ပြောဆိုလာတာလည်း ဖြစ်ပါတယ်။ သူဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် အားကိုးရတဲ့ စစ်ဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်ပြီး စစ်တပ်အတွင်း အရေးပါထင်ရှားသူတစ်ဦးလည်း ဖြစ်ပါတယ်။


“အလှည့်အပြောင်းနဲ့ အရွေ့အသစ်တစ်ခုဆီကိုသွားနေပါပြီ။ ကျွန်တော်တို့ တပ်သားတွေကို အသင့်စုစည်းထားဖို့ လိုအပ်နေပါပြီ။ တတိယကမ္ဘာစစ်က စတင်နေပါပြီ။ ကျွန်တော်တို့ အနည်းဆုံး တပ်သား ၅ သိန်းလောက် ပြင်ဆင်ထားဖို့ လိုအပ်ပေမဲ့ တကယ်တမ်းလိုအပ်တာက တစ်သန်းလောက်အထိ လိုအပ်ပါတယ်” လို့ အသက် ၅၁ နှစ် ဗိုလ်ချုပ်ကြီး Apti Alaudinov က ဆိုပါတယ်။


“တခြားနိုင်ငံတွေကို ရန်စတိုက်ခိုက်သလို (အီရန်ကို အစ္စရေးက တိုက်ခိုက်ခြင်းကို ဆိုလို) ဘယ်သူမှ ကျွန်တော်တို့ကို ကျူးကျော်တိုက်ခိုက်တာမျိုး မလုပ်ရဲကြပါဘူး။ ကျွန်တော် ပြောတာကို ယုံကြည်ပါ။ ကျွန်တော်တို့အားလုံး စည်းလုံးဖို့ လိုပါတယ်။ အဆင့်တိုင်းမှာာ စည်းလုံးနေရပါမယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။


ယူကရိန်းနိုင်ငံ ကာ့ဒ်ဒေသကို ရုရှားက ပြန်လည်ရယူဖို့ကြိုးပမ်းမှုတွင် Alaudinov က အနီးကပ်ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ အစ္စရေးက အီရန်ကို လေကြောင်းတိုက်ခိုက်ချိန် အစ္စရေးကို ပြင်းပြင်းထန်ထန် လက်စားပြန်ချေဖို့ မနေ့ ဇွန် ၁၃ ရက် အစောပိုင်းက တယ်လီဂရမ်မှာ ပို့စ်တင်ရေးသားခဲ့ပါသေးတယ်။ သူဟာ ချေချင်းလူမျိုးစုခေါင်းဆောင် Ramzan Eadyrov ရဲ့ အရိုက်အရာကို ဆက်ခံဖွယ်ရှိသူတစ်ဦးဖြစ်တယ်လို့လည်း ရှုမြင်ခံထားရသူ ဖြစ်ပါတယ်။


သူဟာ ရုရှားစစ်တပ်ရဲ့ စစ်ဘက်-နိုင်ငံရေး ညွှန်ကြားရေးမှူးဌာနရဲ့ လက်ထောက်အကြီးအကဲတစ်ဦးဖြစ်ပြီး စစ်ဘက်ဆိုင်ရာ ဝါဒဖြန့်ချိရေးနဲ့ စည်းရုံးရေး တာဝန်ယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူ့ဇာတိ ချေချင်းညာဒေသမှာရှိတဲ့ Akhmat အထူးတပ်ဖွဲ့ရဲ့ တပ်မှူးတစ်ဦးလည်း ဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page