ကောလင်း၊ချဉ်ပြစ်ခုံရွာစျေးတန်းကို စစ်အုပ်စုမီးရှို့တာကြောင့် စျေးသည်တွေနဲ့ဒေသခံတွေထွက်ပြေးနေရ
- BVJ

- Jan 16
- 1 min read
ယူဂရင်း/BVJ_ဇန်နဝါရီ ၁၆၊ ၂၀၂၆

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်၊ ကောလင်းမြို့နယ်မှာတည်ရှိတဲ့ ချဉ်ပြစ်ခုံရွာကစျေးတန်းကို စစ်အုပ်စုတပ်ဖွဲ့တွေက ဒီနေ့မနက်ပိုင်းမှာဝင်ရောက်မီးရှို့နေတာကြောင့် စျေးသည်တွေနဲ့ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့မနက်ပိုင်းမှာ စစ်အုပ်စုစစ်ကြောင်းကဝင်လာတာကြောင့် ပစ္စည်းတွေကိုထားပြီး အကုန်ထွက်ပြေးကြရတယ်လို့ ကောလင်းဒေသခံတစ်ဦးက ပြောပါတယ်။
“ရွာကကျတော့ ပြည်မလမ်းဘေးမှာ။ မြို့ကကျတော့လည်းပျက်ထားတော့လမ်းဘေးမှာပဲ စျေးတွေက မုန့်ပစ်သလက်သည်ကအစ ဖုန်းဆိုင် ဘာဆိုင်ကအစအကုန်ရှိတယ်။ အဲ့ဒါတွေအကုန်လုံးကစဉ့်ကလျားတွေ၊ ရွာထဲကလူတွေကလည်း သူတို့လွတ်ရာကိုပြေး၊ စျေးတန်းထဲကသူတွေကလည်း သူတို့လွတ်ရာကိုပြေး အဲ့လိုပြေးကြရတာ”လို့ Burma VJကို ပြောပါတယ်။
စျေးတန်းကိုမီးရှို့တာကြောင့် လက်ရှိမှာတော့ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုမသိရသေးဘဲ ဒေသခံတွေနဲ့စျေးသည်တွေလည်း တိမ်းရှောင်ထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။
ကောလင်းဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ Kawlin infoမှာလည်း ကောလင်းမြို့နယ် အရှေ့ခြမ်းကို ဝန်းသိုတပ်ကအင်အားနှစ်ရာခန့်နဲ့ ဒီနေ့မနက်အစောပိုင်းက စစ်ကြောင်းထိုးလာပြီး ချဉ်ပစ်ခုံဈေးကိုဝင်ရောက်ဖျက်ဆီးနေတာကြောင့် ပိတ်မိနေသူဈေးသည်အများအပြားရှိနေတယ်လို့ ဖော်ပြထားပါတယ်။




Comments