top of page

၂၈ နှစ်ကြာကမ္ဘာပတ်လမ်းလျှောက်ခရီးထွက်ခဲ့တဲ့ UKကစွန့်စားသူ နေရပ်ပြန်လည်ရောက်ရှိ

Writer: BVJ
BVJ
Nov 3
1 min read

BVJ_ နိုဝင်ဘာ ၃၊ ၂၀၂၆

ကမ္ဘာတဝန်းကို နှစ်ပေါင်း ၃၀ နီးပါးကြာ လမ်းလျှောက်ခရီးထွက်ခဲ့တဲ့ ဗြိတိသျှစွန့်စားသူတစ်ဦးဟာ မိုင်ပေါင်း ၃၁,၀၀၀ ရှည်လျားတဲ့ခရီးစဉ်ကို သူကြီးပြင်းခဲ့တဲ့အိမ်မှာပဲ တနင်္လာနေ့ကအဆုံးသတ်လိုက်ပြီဖြစ်ပါတယ်။


ကာလ် ဘုရှ်ဘီ (Karl Bushby)ဟာ သူကိုယ်ပိုင်အင်အားသက်သက်နဲ့ပဲ ဗဟိုအမေရိကတောအုပ်တွေကို တိုးဝှေ့ဖြတ်သန်းခဲ့သလို အာလက်စကာနဲ့ရုရှားကြားက ရေခဲပြင်တွေကိုဖြတ်ကျော်ခဲ့ပြီး ခရီးစဉ်ရဲ့နောက်ဆုံးအဆင့်အဖြစ် လွန်ခဲ့တဲ့လက အင်္ဂလိပ် ရေလက်ကြားကိုကူးဖြတ်ခဲ့တာပါ။ အသက် ၅၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူ့ကို တနင်္လာနေ့မနက်ပိုင်းမှာ မွေးရပ်မြေ ဟားလ် (Hull) မြို့ စတုရန်းကွင်းပြင်မှာ အားပေးထောက်ခံသူရာပေါင်းများစွာက ဝမ်းသာအားရကြိုဆိုခဲ့ကြပါတယ်။


"နှစ် ၂၈ နှစ် ကြာပြီးတဲ့နောက် အခုလိုကြိုဆိုခံရတာထက်ပိုပြီး ဘာမှ မတောင်းဆိုရဲတော့ပါဘူး" လို့ သူကပရိသတ်ကိုပြောကြားခဲ့ပါတယ်။ အဲဒီနောက် အပိုတာယာတစ်ခုတင်ထားတဲ့ လက်တွန်းလှည်းလေးထဲက သူ့ရဲ့ပိုင်ဆိုင်မှုအနည်းငယ်နဲ့အတူ ဆက်လက်ထွက်ခွာသွားခဲ့တာပါ။

"နောက်မှပြန်တွေ့ကြတာပေါ့" လို့ သူက ထပ်လောင်းပြောဆိုခဲ့ပြီး အမေ၊ အသက် ၃၆ နှစ်အရွယ်သားဖြစ်သူနဲ့ ၁၂ နှစ်အရွယ်မြေးမလေးတို့ စောင့်ကြိုနေကြတဲ့ မိသားစုအိမ်ဆီကိုဦးတည်ထွက်ခွာသွားခဲ့ပါတယ်။

ကမ္ဘာတဝှမ်း ၂၈ နှစ်ကြာလမ်းလျှောက်ပြီးနောက် ယူကေနိုင်ငံ၊ဟားလ်မြို့သို့ စူးစမ်းရှာဖွေသူ ကားလ်ဘုရှ်ဘီရောက်ရှိလာပြီး မိခင် အန်ဂျလာနှင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာပြန်လည်ဆုံည်းခဲ့
ကမ္ဘာတဝှမ်း ၂၈ နှစ်ကြာလမ်းလျှောက်ပြီးနောက် ယူကေနိုင်ငံ၊ဟားလ်မြို့သို့ စူးစမ်းရှာဖွေသူ ကားလ်ဘုရှ်ဘီရောက်ရှိလာပြီး မိခင် အန်ဂျလာနှင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့မှာပြန်လည်ဆုံည်းခဲ့

၂၈နှစ်ကြာ ကမ္ဘာပတ်လမ်းလျှောက်ပြီးနောက် စူးစမ်းရှာဖွေသူ ကားလ်ဘုရှ်ဘီဟာ မိခင် အန်ဂျလာ၊ ဖခင် ကိတ်သ်နှင့် သား အာဒမ်တို့နှင့် ပြန်လည်ဆုံစည်းခဲ့ပါတယ်။
၂၈နှစ်ကြာ ကမ္ဘာပတ်လမ်းလျှောက်ပြီးနောက် စူးစမ်းရှာဖွေသူ ကားလ်ဘုရှ်ဘီဟာ မိခင် အန်ဂျလာ၊ ဖခင် ကိတ်သ်နှင့် သား အာဒမ်တို့နှင့် ပြန်လည်ဆုံစည်းခဲ့ပါတယ်။

ဘုရှ်ဘီဟာ အသက် ၂၀ အရွယ်တုန်းက ဗြိတိသျှတပ်မတော်ရဲ့ လေထီးတပ်ရင်းမှာတာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အိမ်ထောင်ရေးပြိုကွဲခဲ့ပြီးတဲ့နောက် လန်ဒန်ကနေနယူးယောက်အထိ လမ်းလျှောက်ဖို့ဖြစ်နိုင်မလားဆိုတဲ့ သူတို့အဖေရဲ့စိတ်ကူးကိုသဘောကျပြီး ကမ္ဘာ့မြေပုံပေါ်မှာလိုင်းတားကာ စတင်ထွက်ခွာခဲ့တာပါ။


တဲတစ်လုံး၊ ဒေါ်လာ ရာဂဏန်းအနည်းငယ်နဲ့ စျေးပေါတဲ့ပလတ်စတစ် ကင်မရာတစ်လုံးကိုကိုင်ဆောင်ပြီး ချီလီနိုင်ငံကနေခရီးစတင်ခဲ့တာဖြစ်ကာ အမေရိကတိုက်တွေကို မြောက်ဘက်အတိုင်းဖြတ်သန်းပြီး အာလက်စကာကနေ ရုရှား၊ မွန်ဂိုလီးယားနဲ့ တရုတ်နိုင်ငံတို့ဆီ ခရီးဆက်ခဲ့သလို၊ ကက်စပီယန်ပင်လယ်ကိုကူးဖြတ်ပြီးနောက် ဥရောပကိုပြန်လည် ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

"တစ်ခါတစ်လေ မနားတမ်းသွားနေရတာက တကယ့်ကိုငြီးငွေ့စရာပါ။ သဲကန္တာရတွေထဲရောက်ရင် ရက်ပေါင်းများစွာကနေ သီတင်းပတ်ပေါင်းများစွာအထိ ရှုခင်းဆိုတာမပြောင်းလဲတော့ဘဲ ဦးနှောက်ပါချာချာလည်ချင်လာတာ။ အာတိတ်ဒေသမှာလည်း ဒီအတိုင်းပါပဲ"လို့ သူက လွန်ခဲ့တဲ့နှစ်က ရိုက်တာသတင်းဌာနကိုပြောခဲ့ဖူးပါတယ်။

မူလကတော့ ဒီခရီးစဉ်အတွက် ၁၀ နှစ်လောက်ပဲကြာမယ်လို့မျှော်လင့်ခဲ့ပေမဲ့ မထင်မှတ်ထားတဲ့အတားအဆီးတွေနဲ့ကြုံတွေ့ခဲ့ရတာပါ။ အဲဒီထဲမှာ ပနားမားမှာခဏတာထောင်ကျခဲ့တာ၊ မက္ကဆီကိုမှာ သေနတ်နဲ့ချိန်းခြောက်ခံရတာ၊ ရုရှားအာဏာပိုင်တွေက နယ်စပ်တရားမဝင်ဖြတ်ကျော်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တာတွေအပြင် ၂၀၀၈ ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ကိုဗစ်ကပ်ရောဂါကြောင့်ကြန့်ကြာခဲ့ရတာတွေလည်း ပါဝင်ပါတယ်။


"ဒါဟာ ၂၁ ရာစုရဲ့ ခရီးရှည်စွန့်စားခန်းတစ်ခု ဘာလဲဆိုတာကိုပြသနေတာပါ။ ခရီးစဉ်ရဲ့ ထက်ဝက်လောက်ဟာ သဘာဝပတ်ဝန်းကျင် အတားအဆီးတွေတင်မကဘဲ ရုံးလုပ်ငန်းဆိုင်ရာနဲ့ပထဝီနိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းနေရတာဖြစ်ပါတယ်။ အချို့အချိန်တွေမှာတော့ အကောင်းဆုံးဖြေရှင်းနည်းက စောင့်ဆိုင်းနေဖို့ပါပဲ" လို့ သူက တာလီဂရပ်ဖ် (Telegraph) သတင်းစာကိုပြောပါတယ်။

နှစ် ၂၈ နှစ်အတွင်းမှာ ၁၅ နှစ်လောက်ပဲအမှန်တကယ်လမ်းလျှောက်ခဲ့ရတာဖြစ်ပြီး ဗီဇာ၊ထောက်ပံ့ပို့ဆောင်ရေးနဲ့ စပွန်ဆာကိစ္စတွေကိုဖြေရှင်းဖို့ မက္ကဆီကိုဆီ ခဏခဏပြန်ခဲ့ရတယ်လို့ ဘုရှ်ဘီက ဘီဘီစီကိုပြောကြားခဲ့ပါတယ်။


သူ့ရဲ့ ခရီးစဉ်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ရှည် ရုပ်သံမှတ်တမ်းတစ်ခုကိုထုတ်လုပ်နေပြီဖြစ်ပြီး ဘုရှ်ဘီဟာ လာမယ့်သီတင်းပတ်တွေအတွင်း အင်္ဂလန်တခွင်မှာ အတွေ့အကြုံမျှဝေဟောပြောပွဲတွေပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။

ခရက်ဒစ် - Reuters

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page