ကံမက အသက် ၇၀ကျော်အမျိုးသားတစ်ဦး ပစ်သတ်ခံရမှု MODကိုတိုင်ကြားထား
- BVJ

- Nov 18
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၁၈၊ ၂၀၂၅

မကွေးတိုင်း၊ ကံမမြို့နယ် ကျောက်စောင်းရွာမှာ အသက် ၇၀ကျော်အမျိုးသားတစ်ဦးသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန MODဆီတိုင်ကြားထားတယ်လို့ ဆွေမျိုးတော်စပ်သူဆီက သိရပါတယ်။
၇၁နှစ်အရွယ် ဦးကိုငယ်ဆိုသူကို သူ့ရဲ့နေအိမ်ကနေ နိုဝင်ဘာ ၁၅ရက်ညနေ ၅နာရီခန့်မှာ ဆိုင်ကယ်သုံးစီးနဲ့ လက်နက်ကိုင် ၆ဦးက လာရောက်ဖမ်းခေါ်သွားပြီးနောက် ရွာလယ်မှာ နဖူးကိုသေနတ်နဲ့ပစ်သတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဦးကိုငယ်ဟာ ရွာမှာရပ်မိရပ်ဖ၊ ရွာလူကြီးသဘောမျိုးနဲ့နေထိုင်သူဖြစ်ပြီး ရွာမှာလည်းအမျိုးတွေများပြားတယ်လို့ ဦးကိုငယ်ရဲ့တူဝမ်းကွဲတော်စပ်သူ ကိုမြတ်အောင်က ပြောထားပါတယ်။
“မိသားစုတွေဆီက ဖုန်းလေးလုံးသိမ်းတယ်။ လက်ပြန်ကြိုးတုပ်ပြီးစစ်ဆေးစရာရှိလို့ဆိုပြီး ခေါ်သွားတယ်။ ရွာရဲ့လမ်းမပေါ်မှာမျက်နှာကိုတည့်တည့်ချိန်ပြီး ပစ်သတ်တယ်။ အသက် ၇၁နှစ်အရွယ်ကို လုပ်ရက်ကြတယ်”လို့ ကိုမြတ်အောင်က ပြောထားပါတယ်။
ကံမမြို့နယ်၊ ကျောက်စောင်းရွာဟာ သရက်ခရိုင်၊တပ်ရင်း ၄အပိုင်နယ်မြေဖြစ်ပြီး အခုလို ဦးကိုငယ်ကိုဖမ်းဆီးသတ်ဖြတ်သူတွေဟာ ဒေသတွင်းPDFတပ်ဖွဲ့တစ်ခုဖြစ်နိုင်ကြောင်းနဲ့ အဲ့ဒီအဖွဲ့ရဲ့ဖြေရှင်းချက်ကိုစောင့်နေတယ်လို့လည်း ကိုမြတ်အောင်က သူ့ရဲ့လူမှုကွန်ရက်ကနေ Liveလွှင့်ပြောထားပါတယ်။
ဒါ့အပြင် ဒီကိစ္စကိုMODကိုတိုင်ကြားထားတယ်လို့ ကိုမြတ်အောင်က Burma VJကိုပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး သရက်ခရိုင်တပ်ရင်း-၄ဆီ Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။







Comments