top of page

မိုးဗြဲကိုထိန်းချုပ်ပြီးနောက် လူနေအိမ်တွေကို စစ်ကောင်စီမီးရှို့နေ

  • Writer: BVJ
    BVJ
  • Jul 7
  • 1 min read

BVJ/မိုနာ_ ဇူလိုင် ၇၊ ၂၀၂၅

ဓါတ်ပုံ-မိုးဗြဲမြို့ပြန်လည်ထိန်းချုပ်ကြောင်း စစ်ကောင်စီက ၂၀၂၅၊ ဇူလိုင် ၆ရက်တွင် ထုတ်ပြန်ထားပုံ။
ဓါတ်ပုံ-မိုးဗြဲမြို့ပြန်လည်ထိန်းချုပ်ကြောင်း စစ်ကောင်စီက ၂၀၂၅၊ ဇူလိုင် ၆ရက်တွင် ထုတ်ပြန်ထားပုံ။

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်(ကယား)အစပ်ရှိ ကရင်နီတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို မနေ့က ဇူလိုင် ၆ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီကပြန်လည်ထိန်းချုပ်သွားပြီးနောက် မိုးဗြဲမြို့ရပ်ကွက်ထဲက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။


“လတ်တ‌လောမှာ စစ်ကောင်စီကမိုးဗြဲမြို့ပေါ်က ရပ်ကွက်တွေအားလုံးကိုဝင်ရောက် တပ်စွဲထားလိုက်တဲ့ အနေအထားတွေဖြစ်တယ်။ လွိုင်ကော်-မိုးဗြဲလမ်းမကြီးပေါ်ကိုလည်း ဆက်ပြီးတော့စစ်ကောင်စီက စစ်ကြောင်းထိုးတယ်ပေါ့နော်။ အဲ့ဒီမှာ လွိုင်ကော်-မိုးဗြဲကြား မိုးဗြဲမြို့အနီးမှာတော့ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်။ စစ်ကောင်စီကတော့ ဒီမိုးဗြဲမြို့ပေါ်က လူနေအိမ်တွေကိုမီးရှို့နေတယ်။ မီးရှို့တဲ့အိမ်က ၂၀ကျော်လောက်ရှိပြီပေါ့နော်။ ကျနော်တို့မကြာခင် မှတ်တမ်းတွေနဲ့ထုတ်ပြန်ပေးပါမယ်ခင်ဗျ”လို့ - KNDF သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ သာအယ်စိုးက Burma VJကို ပြောပါတယ်။


ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေသိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူတွေအပါအဝင် အင်အားအလုံးအရင်းနဲ့ခြောက်လကြာထိုးစစ်ဆင်ပြီးနောက် တစ်မြို့လုံးကိုပြန်ထိန်းချုပ်သွားတာပါ။


မိုးဗြဲစစ်ဆင်ရေး ခြောက်လအတွင်းမှာ တိုက်ပွဲစုစုပေါင်း (၆၁၅)ကြိမ်ဖြစ်ပွားပြီး ရန်သူအလောင်း (၂၄)လောင်းနဲ့ လက်နက်မျိုးစုံ (၆၃)လက်ကိုရရှိခဲ့သလို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေလည်း သေဆုံး ဒဏ်ရာရသူတွေရှိတယ်လို့ စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။


လက်ရှိမှာ မိုးဗြဲနဲ့လွိုင်ကော်မြို့ဆက်သွယ်ထားတဲ့လမ်းကြောင်းပေါ်က ရှင်းလင်းဖို့ကျန်နေသေးတဲ့ ၄.၅ကီလိုမီတာအကွာအဝေးကို ဆက်ရှင်းနေပြီး မကြာခင်မှာ လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေးလမ်းမကြီးကို ပြန်ဖွင့်မယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page