ထိုင်းမှာ ဆရာဝန်ခွင့်ပြုချက်ရမှသာ ဆေးခြောက်ရောင်းဝယ်သုံးစွဲခွင့်လုပ်ဖို့ ပြန်လည်ကန့်သတ်
- BVJ

- Jun 25
- 1 min read
BVJ/Moore _ ဇွန် ၂၅ ၊ ၂၀၂၅

ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာကိစ္စရပ်တွေမှာသာ အသုံးပြုဖို့နဲ့ ကျန်းမာရေးဆရာဝန်၊ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မပါဘဲ ရောင်းဝယ်၊ သိုလှောင်၊ သုံးစွဲတာကို ကန့်သတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထိုင်းကျန်းမာရေးဝန်ကြီး Somsak Thepsutin က မနေ့က ဇွန် ၂၄ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူတွေအနေနဲ့ ဆေးခြောက်ဝယ်ယူလိုပါက ဆရာဝန်ရဲ့ ဆေးညွှန်းစာနဲ့ ဆေးဘက်ဆိုင်ရာထောက်ခံချက်နဲ့ အခြေအနေသေးစိတ်ကိုတင်ပြရမှာဖြစ်တယ်လို့ Mr Somsak က ဆိုပါတယ်။ ဒီကန့်သတ်မှုတွေဟာ Royal Gazette (တော်ဝင်ပြန်တမ်း) ကနေ တရားဝင်ထုတ်ပြန်ပြီး နောက်တစ်ရက်မှာ စတင်အသက်ဝင်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ထိုင်းနိုင်ငံ တိုင်းရင်းဆေးနဲ့ ပေါင်းစပ်ဆေးပညာဌာန အထွေထွေမန်နေဂျာ somlerk Jeungsmarn ကတော့ ဆေးခြောက်ရောင်းဝယ်သူတွေအနေနဲ့ သက်ဆိုင်ရာအာဏာပိုင်နဲ့ တာဝန်ရှိသူတွေ ဥပဒေအရ အကောင်အထည်မဖော်ခင် လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်တယ်လို့ ပြောထားပါတယ်။
ဆေးခြောက်လက်ဝယ်ရှိသူတွေနဲ့ ရောင်းဝယ်သူတွေအနေနဲ့လည်း အချက်အလက်အသေးစိတ်ကို တင်ပြဖို့လိုအပ်ပြီး အသုံးပြုမှု၊ ရောင်းချမှုနဲ့ လက်ဝယ်သိုလှောင်ထားမှုပမာဏကိုလည်း သက်ဆိုင်ရာ ကျန်းမာရေးတာဝန်ရှိသူတွေထံ တင်ပြရမယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းအသစ်မှာ ဆေးခြောက်ရောင်းချသူ၊ ဝယ်ယူသူတွေအနေနဲ့ ကျန်းမာရေးဆိုင်ရာ ဆရာဝန်၊ ဆေးဘက်ဆိုင်ရာတာဝန်ရှိသူ၊ ထိုင်း၊ တရုတ် တိုင်းရင်းဆေးပညာနဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်တွေရဲ့ ခွင့်ပြုချက်ဆေးစာပါမှသာ ရောင်းချ၊ ဝယ်ယူခွင့်ရမှာလည်း ဖြစ်ပါတယ်။
ဆေးခြောက်ရောင်းချတာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်အပါအဝင် အွန်လိုင်းကနေတဆင့် ကြော်ငြာတာကိုလည်း ကျန်းမာရေးဆိုင်ရာကန့်သတ်မှု စည်းမျဉ်းစည်းကမ်းအသစ်မှာ ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်မရှိဘဲ ဆေးခြောက်ဆိုင်တွေအတွင်းမှာ ဆေးခြောက်ဆေးလိပ်သောက်တာကိုလည်း တားမြစ်ထားပါတယ်။
Ref: Bangkok Post
Burma VJ Telegram Link >> https://t.me/bvj_news/1547







Comments