စစ်ကောင်စီရိက္ခာယာဉ်တန်းကို မြင်းခြံမြို့နယ်ထဲမှာ တော်လှန်ရေးတပ်တွေကြားဖြတ်တိုက်ခိုက်
- BVJ

- Jul 4
- 1 min read
BVJ/ဂျိုး _ ဇူလိုင် ၄ ၊ ၂၀၂၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး ပူးပေါင်းတိုက်ပွဲတွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က စစ်ကြောင်းမှုးအပါအဝင် အများအပြား သေဆုံးခဲ့ တယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၇- ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ် ပြန်ထားပါတယ်။
ဒီကနေ့ နံနက်ပိုင်း ၇နာရီကျော်လောက်မှာ မြင်းခြံခရိုင်၊ မြို့သာ-ဆီမီးခုံသွားကားလမ်း ငါန်းဇွန်နဲ့ မြို့သာ ကြား လက်နက်ရိက္ခာလာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့တွေက ကြား ဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းမှုးအပါအဝင် တပ်သား ၃၀နီးပါးသေဆုံးခဲ့တဲ့ အပြင်တပ်ကြပ်တဦးနဲ့ စစ်ကောင်စီတပ်သား ၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်း တချို့သိမ်းစည်း ရမိလိုက်တယ်လို့ထုတ်ပြန်ချက်ထဲမှာ ဖော်ြပထားပါတယ်။
အဲဒီတိုက်ပွဲကို မြင်းခြံခရိုင် တပ်ရင်း ၇ - Zero ပြောက်ကျားတပ်ဖွဲ့၊ မန္တလေးခရိုင် တပ်ရင်း ၅ နဲ့ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်း မြင်းခြံခရိုင်တပ်ရင်း ၇- ZERO ပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားတာပါ။ အခုလို စစ်ကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန် ထားတာမတွေ့ရသေးတာလည်းဖြစ်ပါတယ်။







Comments