ဂျပန်နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာတော့မယ့်သူက ဘယ်သူလဲ
- BVJ

- Oct 7
- 1 min read
အေတီ /BVJ_ အောက်တိုဘာ ၅၊ ၂၀၂၅

ဂျပန်နိုင်ငံရဲ့ လက်ရှိအာဏာရပါတီ Liberal Democratic Party (LDP)က Sanae Takaichi ဆနေးတာခိုင်ချီကိုပါတီခေါင်းဆောင်အဖြစ် ရွေးချယ်လိုက်တဲ့အတွက် အသက်၆၄နှစ် ဆနေးတာခိုင်ချီဟာဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတော့မှာပါ။ ဝန်ကြီးချုပ်ဖြစ်ဖို့ လွှတ်တော်ကအတည်ပြုပေးဖို့လိုအပ်နေသေးပေမယ့် အာဏာရပါတီခေါင်းဆောင်အဖြစ်ရွေးချယ်ခံလိုက်ရတဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ဖို့ သေချာသလောက်နီးပါးဖြစ်သွားပါပြီ။
ဆနေးတာခါချီဟာ အမျိုးသားကိုယ်စားလှယ်လေးဦးကိုကျော်ဖြတ်ပြီး အာဏာရပါတီခေါင်းဆောင်အဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။သူဟာ ယူကေဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကိုအားကျခဲ့တဲ့သူတစ်ဦးဖြစ်တဲ့အတွက် သူ့ကိုအချို့က ဂျပန်နိုင်ငံရဲ့ Iron Ladyလို့တောင် တင်စားခေါ် နေပါတယ်။
၁၉၆၁ခုနှစ်ဖွား တိုကျိုမြို့တောင်ဘက် ဂျပန်နိုင်ငံတောက်ပိုင်းမှာမွေးဖွားခဲ့ပြီး အဖေကရုံးဝန်ထမ်း၊အမေက ရဲအရာရှိဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာ ပထမဆုံးလွှတ်တော်ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။၁၉၉၆ခုနှစ်မှာ LDP ပါတီဝင်ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ လွှတ်တော်ရွေးကောက်ပွဲ ၁၀ကြိမ်အနိုင်ရခဲ့ပြီး တစ်ကြိမ်ပဲရှုံးနိမ့်ခဲ့ပါတယ်။
ကုန်သွယ်ရေးနဲ့စက်မှုလက်မှုဝန်ကြီး၊ ပြည်တွင်းရေးရာနဲ့ဆက်သွယ်ရေးဝန်ကြီးအဖြစ် အစိုးရအကြီးတန်းတာဝန်တွေကိုထမ်းဆောင်ခဲ့ပါတယ်။ နိုင်ငံရေးလောကထဲမဝင်ခင်က ရုပ်မြင်သံကြားအစီအစဉ်တင်ဆက်သူ၊ ဟဲဗီးမက်တယ် ဒရမ်မာသမား ၊ပြီးတော့ ဂျပန်နိုင်ငံရေးမှာ ထင်ရှားကျော်ကြားတဲ့ပုဂ္ဂိုလ်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။
၂၀၂၁ခုနှစ်က LDP ပါတီခေါင်းဆောင်နေရာ ပထမဆုံးအကြိမ်ဝင်ပြိုင်ခဲ့ပေမယ့် ဖူမီယိုကီရှီဒါကို ရှုံးနိမ့်ခဲ့ပါတယ်။ ၂၀၂၄ခုနှစ်မှာဝင်ပြိုင်တဲ့ ဒုတိယအကြိမ်မှာလည်း ရှီဂီရူးအီရှီဘာကိုရှုံးနိမ့်ခဲ့ပါတယ်။ဒါပေမယ့် အခု တတိယအကြိမ်မှာတော့ ပြိုင်ဖက်အမျိုးသားလေးဦးကိုကျော်ဖြတ်ပြီး ပါတီခေါင်းဆောင်နေရာရွေးချယ်ခံခဲ့ရပါတယ်။ ဆနေးတာခိုင်ချီ ပါတီခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရပြီဖြစ်တဲ့အတွက် ဝန်ကြီးချုပ်ဖြစ်ဖို့ ပါလီမန်က အတည်ပြုဖို့ပဲကျန်ပါတော့တယ်။
"ကျွန်မရဲ့ ရည်မှန်းချက်က ဂျပန်ရဲ့ Iron Lady ဖြစ်လာဖို့ပါပဲ" လို့ သူမရဲ့ မကြာသေးမီကလှုပ်ရှားမှုအတွင်း ကျောင်းသားလေးတွေကို ပြောခဲ့ဖူးပါတယ်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီတွင်းက ဖိအားတွေကြောင့် စက်တင်ဘာ ၇ရက်နေ့က ဂျပန်ဝန်ကြီးချုပ် Shigeru Ishiba ရှီဂီရူးအီရှီဘာ ရာထူးကနှုတ်ထွက်သွားတဲ့အတွက် သူ့နေရာမှာအစားထိုးဖို့ ဆနေးတာခိုင်ချီ ရွေးချယ်ခံရတာဖြစ်ပါတယ်။၂၀၂၄အောက်တိုဘာမှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ ရှီဂီရူးအီရှီဘာဟာ ရွေးကောက်ပွဲနှစ်ကြိမ်မှာ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ်နေရာတော်တော်များများမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ပါတီတွင်းကဖိအားတွေကြောင့် ရာထူးကနှုတ်သွားတာဖြစ်ပါတယ်။
အမျိုးသားတွေကြီးစိုးမှုများတဲ့ ဂျပန်နိုင်ငံရေးလောမှာဝန်ကြီးချုပ်ဖြစ်လာတော့မယ့် ဆနေးတာခိုင်ချီ ရင်ဆိုင်ရမယ့်အဓိကစိန်ခေါ်မှုတွေက စီးပွားနှေးကွေးနေမှုကိုပြုပြင်နိုင်ဖို့၊ငွေကြေးဖောင်းပွမှု ထိန်းချုပ်နိုင်ဖို့၊ လုပ်အားခနှုန်းထားတွေ တည်ငြိမ်အောင်လုပ်နိုင်ဖို့ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် ဂျပန်ဆက်ဆံရေးလမ်းကြောင်း ပိုမိုချောမွေ့လာအောင်နဲ့ အရင်အစိုးရလက်ထက်က ဒေါ်နယ်ထရမ့်နဲ့သဘောတူထားတဲ့ အခွန်စည်းကြပ်မှုကိုလည်း ကိုင်တွယ်ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒီလကုန်ပိုင်းမှာဂျပန်နိုင်ငံကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့် လာတဲ့အချိန်မှာလည်း ဂျပန်ဝန်ကြီးချုပ်အနေနဲ့ ဧည့်ခံရဖို့ရှိပါတယ်။
Ref:BBC







Comments