top of page

ပခုက္ကူမြို့ အောင်သာရွာက ပြည်သူ့စစ်တစ်ဦး မိသားစုခေါ်ဆောင်လာပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • Writer: BVJ
    BVJ
  • Jun 16, 2025
  • 1 min read

BVJ / ဇော် _ ဇွန် ၁၅ ၊ ၂၀၂၅

ဓာတ်ပုံ - ဧရာဒေါင်း။
ဓာတ်ပုံ - ဧရာဒေါင်း။

မကွေးတိုင်း ပခုက္ကူမြို့နယ် အောင်သာ(ပျူ) ရွာက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တစ်ဦး သူ့မိသားစုကို ခေါ်ဆောင်လာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ လှုပ်ရှားတပ် တပ်ဖွဲ့ (၅) ဧရာဒေါင်းက ဒီနေ့ ဇွန်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။


အခု ဇွန် ၁၂ ရက်မှာ အလင်းဝင်လာတဲ့ ပြည်သူ့စစ်တစ်ဦးဟာ သူနဲ့အတူ G3 တစ်လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၃၅၆ တောင့်၊ အီကွေးမန့် ၁ စုံ၊ အီနာဂါဗုံးသီး ၁ လုံးတို့ကို ယူဆောင်လာတာကြောင့် ဧရာဒေါင်းနီတပ်ဖွဲ့က ဆုငွေသိန်း ၅၀ ကျပ် ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


အပြစ်မရှိတဲ့ပြည်သူလူထုကို သေနက်ပြောင်းမလှည့်ချင်တာနဲ့ ပျူစောထီးစခန်းမှာ ကြီးနိုင်ငယ်ညှင်းလုပ်တာတွေကြောင့် လက်နက်ခဲယမ်းတွေယူဆောင်လာပြီး မိသားစုနှင့်အတူ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။


“အလင်းဝင်ရောက်လာသူကတော့ ကင်းစောင့်လောက်ပဲ လိုက်ဖူးတာလို့ သိရပါတယ်။ မိသားစုကိုတော့ လောလောဆယ် လုံခြုံတဲ့တစ်နေရာမှာထားထားတယ်ဗျ။ နောက်ပိုင်း သူတို့ဘာလုပ်ချင်လဲဆိုတာတော့မေးကြည့်ရဦးမယ်”လို့ ဧရာဒေါင်းတပ်ဖွဲ့ တာဝန်ရှိသူက Burma VJ ကိုပြောပါတယ်။


အခုလ ၃ ရက်နေ့မှာလည်း ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အခြေစိုက် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) က စစ်ကောင်စီတပ်ဖွဲ့ဝင် ဒုတပ်ကြပ်တစ်ဦး MA 3 သေနတ် ၂ လက်၊ အမ်ဂျီ ၁ ဗုံးသီး ၁ လုံး၊ ၅.၅၆ ကျည် ၂၁၄ တောင့်၊ ကျည်ဘောက် ၄ ခုတို့ကို ယူဆောင်လာပြီး ပခုက္ကူခရိုင်၊ အမှတ် (၅) တပ်ရင်းဆီ အလင်းဝင်ရောက်မှု ရှိခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page