top of page

အစ္စရေးဘောလုံးပရိတ်သတ်တွေကို အက်စတန်ဗီလာပွဲလာကြည့်ခွင့်မပေးတဲ့ဆုံးဖြတ်ချက် ယူကေဝန်ကြီးချုပ်ကန့်ကွက်

  • Writer: BVJ
    BVJ
  • Oct 17, 2025
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၇၊ ၂၀၂၅

မက်ကာဘီတယ်လ်ဗစ်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ကစားမယ့် ယူရိုပါလိဂ်ပွဲစဥ်မှာ အစ္စရေးဘောလုံးပရိသတ်တွေလာကြည့်ခွင့်ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ယူကေဝန်ကြီးချုပ် ကီယာစတမ်မာက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။


အက်စတွန်ဗီလာအသင်းရဲ့ ဗီလာပါ့ခ်ကွင်းမှာ နိုဝင်ဘာ၆ရက်နေ့ကစားရမယ့်ပွဲဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိနေတဲ့အတွက် အစ္စရေးပရိသတ်တွေလာကြည့်ခွင့်ပိတ်ပင်ရတာဖြစ်ကြောင်း West Midlands ရဲတပ်ဖွဲ့က ပြောပါတယ်။


ဒီဆုံးဖြတ်ချက်ဟာ အမ်စတာဒမ်မှာကစားခဲ့တဲ အေဂျက်အသင်းနဲ့ မက်ကာဘီတယ်လ်ဗစ်အသင်းတို့ ၂၀၂၄ ယူရိုပါလိဂ်ပွဲစဥ်အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ အရင်ကဖြစ်ပျက်ခဲ့တာတွေနဲ့ လက်ရှိထောက်လှမ်းရေးသတင်းတွေအပေါ်အခြေခံခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းပြပါတယ်။


ဘာမင်ဂမ်မြို့တော်ကောင်စီက ပွဲကျင်းပခွင့်လက်မှတ်ထုတ်ပေးပေမယ့် လုံခြုံရေးအရအစ္စရေးပရိတ်သတ်လာကြည့်ခွင့်ပိတ်ပင်ထားဖို့ West Midlands ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။


ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက အစ္စရေးပရိသတ်တွေကိုလာကြည့်ခွင့်ပိတ်ပင်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက X ဆိုရှယ်မီဒီယာကတဆင့်ပြောခဲ့ပြီး ယူကေကလမ်းတွေပေါ်မှာ ဂျူးဆန့်ကျင်ရေးတွေလုပ်တာလက်မခံနိုင်ဘူးလို့ ပြောပါတယ်။


လုံခြုံရေးအကြံပေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ လာမယ့်နိုဝင်ဘာ၆ရက်နေ့ ဗီလာကွင်းမှာ မက္ကာဘီတယ်လ်ဗစ်နဲ့ကစားမယ့်ပွဲကို အဝေးကွင်းအစ္စရေးဘောလုံးပရိတ်သတ်တွေ လာကြည့်ခွင့်ပိတ်ပင်လိုက်ကြောင်း ကြာသပတေးနေ့က ဗီလာအသင်းကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အေဂျက်စ်အသင်းနဲ့အမ်စတာဒမ်မှာကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ မက်ကာဘီတဲလ်ဗစ်ပရိတ်သတ်တွေနဲ့ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။


ခရက်ဒစ်- Metro


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page