top of page

အစ္စရေးဘောလုံးပရိတ်သတ်တွေကို အက်စတန်ဗီလာပွဲလာကြည့်ခွင့်မပေးတဲ့ဆုံးဖြတ်ချက် ယူကေဝန်ကြီးချုပ်ကန့်ကွက်

  • Writer: BVJ
    BVJ
  • Oct 17
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၇၊ ၂၀၂၅

ree

မက်ကာဘီတယ်လ်ဗစ်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ကစားမယ့် ယူရိုပါလိဂ်ပွဲစဥ်မှာ အစ္စရေးဘောလုံးပရိသတ်တွေလာကြည့်ခွင့်ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ယူကေဝန်ကြီးချုပ် ကီယာစတမ်မာက ဝေဖန်ကန့်ကွက်လိုက်ပါတယ်။


အက်စတွန်ဗီလာအသင်းရဲ့ ဗီလာပါ့ခ်ကွင်းမှာ နိုဝင်ဘာ၆ရက်နေ့ကစားရမယ့်ပွဲဟာ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေရှိနေတဲ့အတွက် အစ္စရေးပရိသတ်တွေလာကြည့်ခွင့်ပိတ်ပင်ရတာဖြစ်ကြောင်း West Midlands ရဲတပ်ဖွဲ့က ပြောပါတယ်။


ဒီဆုံးဖြတ်ချက်ဟာ အမ်စတာဒမ်မှာကစားခဲ့တဲ အေဂျက်အသင်းနဲ့ မက်ကာဘီတယ်လ်ဗစ်အသင်းတို့ ၂၀၂၄ ယူရိုပါလိဂ်ပွဲစဥ်အတွင်းဖြစ်ခဲ့တဲ့ အကြမ်းဖက်ပဋိပက္ခတွေနဲ့ အရင်ကဖြစ်ပျက်ခဲ့တာတွေနဲ့ လက်ရှိထောက်လှမ်းရေးသတင်းတွေအပေါ်အခြေခံခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရှင်းပြပါတယ်။


ဘာမင်ဂမ်မြို့တော်ကောင်စီက ပွဲကျင်းပခွင့်လက်မှတ်ထုတ်ပေးပေမယ့် လုံခြုံရေးအရအစ္စရေးပရိတ်သတ်လာကြည့်ခွင့်ပိတ်ပင်ထားဖို့ West Midlands ရဲတပ်ဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။


ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက အစ္စရေးပရိသတ်တွေကိုလာကြည့်ခွင့်ပိတ်ပင်တာဟာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ ယူကေဝန်ကြီးချုပ်ကီယာစတမ်မာက X ဆိုရှယ်မီဒီယာကတဆင့်ပြောခဲ့ပြီး ယူကေကလမ်းတွေပေါ်မှာ ဂျူးဆန့်ကျင်ရေးတွေလုပ်တာလက်မခံနိုင်ဘူးလို့ ပြောပါတယ်။


လုံခြုံရေးအကြံပေးအဖွဲ့ရဲ့ ညွှန်ကြားချက်အရ လာမယ့်နိုဝင်ဘာ၆ရက်နေ့ ဗီလာကွင်းမှာ မက္ကာဘီတယ်လ်ဗစ်နဲ့ကစားမယ့်ပွဲကို အဝေးကွင်းအစ္စရေးဘောလုံးပရိတ်သတ်တွေ လာကြည့်ခွင့်ပိတ်ပင်လိုက်ကြောင်း ကြာသပတေးနေ့က ဗီလာအသင်းကထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အေဂျက်စ်အသင်းနဲ့အမ်စတာဒမ်မှာကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပြီးမှာ မက်ကာဘီတဲလ်ဗစ်ပရိတ်သတ်တွေနဲ့ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါတယ်။


ခရက်ဒစ်- Metro


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page