top of page

တရုတ်စွပ်စွဲချက်ကို ISP-မြန်မာငြင်း၊ ဦးမင်းဇင်ကိုပြန်လွှတ်ပေးဖို့ တောင်းဆို

  • Writer: BVJ
    BVJ
  • 14 minutes ago
  • 1 min read

BVJ_ဇွန် ၁၇၊ ၂၀၂၆

ဓါတ်ပုံ-ဦးမင်းဇင်
ဓါတ်ပုံ-ဦးမင်းဇင်

မြန်မာ့မဟာဗျူဟာနှင့်မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်ကို တရုတ်အစိုးရအာဏာပိုင်တွေက မှားယွင်းဖမ်းဆီး(wrongful detention)ထားတာကြောင့် ပြန်လွှတ်ပေးဖို့ဆိုပြီး သူဦးဆောင်နေတဲ့အဖွဲ့က ဒီနေ့ ဇွန် ၁၇ရက်မှာထုတ်ပြန်ချက်ထုတ်တောင်းဆိုလာပါတယ်။


ဦးမင်းဇင်ဟာ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာပြုလုပ်မယ့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲကို တက်ရောက်ဖို့သွားချိန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရမှုအပေါ် အလွန်အမင်းစိုးရိမ်ပူပန်ပြီး ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ဆိုပြီး ISP-Myanmarတောင်းဆိုလာတာပါ။


ဒါ့အပြင် ISP-Myanmar အနေနဲ့လွတ်လပ်ပြီး ပါတီစွဲကင်းတဲ့၊ အစိုးရမဟုတ်တဲ့ သုတေသနအဖွဲ့အစည်း (think tank)တခုသာဖြစ်ကြောင်းနဲ့ အထောက်အထားမဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မှန်သမျှကို ISP-Myanmarက အပြင်းအထန်ကန့်ကွက်ငြင်းပယ်ရှုတ်ချတယ်လို့ ဆိုထားပါတယ်။


အဖွဲ့အစည်းအနေနဲ့လည်း လွတ်လပ်တဲ့သုတေသနအဖွဲ့အဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး အများပြည်သူအကျိုးစီးပွားအတွက်အထောက်အကူပြုနိုင်တဲ့ သုတေသန အခြေပြု သုံးသပ်ချက်တွေနဲ့ဆန်းစစ်ချက်တွေကို ဆက်ထုတ်သွားမယ်လို့လည်း ကြေညာပါတယ်။


တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ဦးမင်းဇင်ကို တရုတ်နိုင်ငံရဲ့ သူလျှိုလုပ်မှု၊ တရုတ်နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုထိပါးစေမှု သံသယတွေနဲ့ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ကြောင်း ဇွန်လ ၁၂ ရက်နေ့မှာ အတည်ပြုပြောထားပါတယ်။


၂၀၁၆ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ISP-Myanmarဟာ တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒနဲ့ တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်တွေကို လေ့လာရေးသားထုတ်ပြန်ခဲ့တာရှိသလို အဖွဲ့အစည်းအနေနဲ့လည်း တရုတ်နိုင်ငံက သုတေသနအဖွဲ့တွေနဲ့အပြန်အလှန်အကြံဉာဏ်တွေဖလှယ်လေ့ရှိပြီး၊ မြန်မာနိုင်ငံကနေတရုတ်နိုင်ငံကိုတင်ပို့နေတဲ့ မြေရှားသတ္တု (rare-earth) တင်ပို့မှုလိုကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့လည်း အစီရင်ခံစာတွေထုတ်ပြန်ခဲ့ဖူးပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page