top of page

အီရန်ကို "ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်မယ်"လို့ထရမ့်သတိပေးပြီးနောက် အမေရိကန်က အီရန်ကိုစစ်ရေးတိုက်ခိုက်မှုတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်လာ

  • Writer: BVJ
    BVJ
  • Jul 9
  • 1 min read

အေတီ/BVJ_ဇူလိုင် ၉၊၂၀၂၆

အီရန်နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းတလျှောက်ကနေ ပေါက်ကွဲသံတွေကြားနေရကြောင်း ဒေသတွင်းသတင်းမီဒီယာတွေကဖော်ပြနေပြီး အမေရိကန်ပြည်ထောင်စုက အီရန်ကိုထပ်မံတိုက်ခိုက်မှုတွေပြုလုပ်လျက်ရှိပါတယ်။


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်ကို "ပြင်းပြင်းထန်ထန် တုံ့ပြန်တိုက်ခိုက်မယ်"လို့ ဒီနေ့ညအစောပိုင်းကသတိပေးခဲ့ပြီးနောက် အခုလိုတိုက်ခိုက်မှုတွေပေါ်ပေါက်လာတာဖြစ်ပါတယ်။


သမ္မတထရမ့်ကအဲ့ဒီတိုက်ခိုက်မှုတွေက "မနေ့တုန်းကအီရန်တွေက ကုန်တင်သင်္ဘောတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တာအတွက်လက်စားချေတာဖြစ်ကြောင်း"နဲ့ "နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ပိုမိုဆိုးရွားလာမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။


အီရန်နိုင်ငံပိုင်မီဒီယာတွေရဲ့အဆိုအရ နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းဒေသတွေမှာ ပေါက်ကွဲသံတွေကြားနေရပြီး ပင်လေ့ကွေ့ဒေသအတွင်း အီရန်ထိန်းချုပ်ထားတဲ့ကျွန်းတွေလည်း တိုက်ခိုက်ခံခဲ့ရကြောင်းသိရပါတယ်။


ဒီဖြစ်ရပ်ဟာ အင်္ဂါနေ့ကဟော်မုဇ်ရေလက်ကြားကိုဖြတ်သန်းနေတဲ့ ကုန်တင်သင်္ဘော(၃)စီးတိုက်ခိုက်ခံခဲ့ရမှုအတွက် တုံ့ပြန်တဲ့အနေနဲ့အီရန်နိုင်ငံကို အမေရိကန်စစ်တပ်ကတိုက်ခိုက်မှုတွေပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။ အီရန်ဘက်ကလည်း ဗုဒ္ဓဟူးနေ့အရုဏ်ဦးအချိန်မှာ ဘာရိန်းနဲ့ကူဝိတ်ရှိ အမေရိကန်စစ်စခန်းတွေကို လက်စားချေတိုက်ခိုက်ခဲ့ကြောင်းပြောကြားထားပါတယ်။


စစ်ပွဲကိုအဆုံးသတ်ဖို့လက်မှတ်ရေးထိုးထားတဲ့ နားလည်မှုစာချွန်လွှာ (MoU) ကို အီရန်ဘက်ကချိုးဖောက်တယ်လို့ အမေရိကန်ဘက်ကစွပ်စွဲထားပြီး အီရန်နိုင်ငံအပေါ် စစ်ရေးအရတိုက်ခိုက်မှုတွေပိုမိုတိုးမြှင့်လုပ်ဆောင်လာတာဖြစ်ပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page