top of page

လူ ငါးဦးအနည်းဆုံးသေဆုံးခဲ့တဲ့ အင်ဒိုနီးရှားက ဆန္ဒပြပွဲ၊ အကြမ်းဖက်လုယက်တဲ့ပုံစံအဖြစ် ပြောင်းလာ

  • Writer: BVJ
    BVJ
  • Sep 1
  • 1 min read

အေတီ/BVJ_ သြဂုတ် ၃၁၊ ၂၀၂၅

ree

ဆန္ဒပြသမားတွေတောင်းဆိုနေတဲ့ အင်ဒိုနီးရှားလွှတ်တော်အမတ်တွေကို အကျိုးခံစားခွင့်တွေပေးမယ့်ကိစ္စရုတ်သိမ်းဖို့ နိုင်ငံရေးပါတီတွေက သဘောတူလိုက်ပြီဖြစ်ကြောင်း အင်ဒိုသမ္မတပရာဘိုဝို ဆူဘီယန်တိုက ဒီနေ့ သြဂုတ် ၃၁ရက် မိန့်ခွန်းထဲမှာ ထည့်ကြေညာခဲ့ပါတယ်။


ဒါပေမယ့် အကြမ်းဖက်ဆန္ဒပြမှုတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးယူဖို့ အမိန့်ပေးထားတယ်လို့ အင်ဒိုသမ္မတကပြောပါတယ်။


“အများပြည်သူပိုင်အဆောက်အအုံတွေကို ဖျက်ဆီးတာ၊ နေအိမ်တွေနဲ့ စီးပွားရေးစင်တာတွေကို လုယက်တာတွေကို အတတ်နိုင်ဆုံးပြင်းပြင်းထန်ထန် အရေးယူဖို့ ရဲနဲ့စစ်တပ်ကိုအမိန့်ပေးထားတယ်” လို့ အင်ဒိုနီးရှားသမ္မတ Prabowo Subiantoက ဒီနေ့ တနင်္ဂနွေနေ့မှာပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဆန္ဒပြမှုတွေပိုမိုပြင်းထန်လာနေတဲ့ အခြေအနေကြောင့် သမ္မတ ပရာဘိုဝိုဆူဘီယန်တိုရဲ့ တရုတ်နိုင်ငံ ခရီးစဉ် ဖျက်သိမ်းလိုက်ရပါတယ်။လက်ရှိဆန္ဒပြပွဲတွေဟာ အင်ဒိုပါလီမန်အမတ်တွေ လစာအပိုဆောင်းငွေ ဒေါ်လာသုံးထောင် အိမ်ရာအကျိုးခံစားခွင့်အသစ်ရရှိမယ့်ကိစ္စကို မကျေနပ်တာကနေစဖြစ်လာတာဖြစ်ပါတယ်။


မြို့တော် ဂျကာတာအပါအဝင် မြို့ကြီးအချို့မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေရဲ့အခြေအနေက အကြမ်းဖက်မှုတွေဖြစ်လာတဲ့ပုံစံပြောင်းသွားပြီး အဆောက်အဦးတွေမီးရှို့တာ၊ ပစ္စည်းတွေလုယက်တဲ့ အခြေအနေထိရောက်လာပါတယ်။

ree

ဂျကာတာမြို့နားက အင်ဒိုအစိုးရ ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawatiရဲ့ အိမ်ကစားပွဲတွေ၊ ပန်းချီကားတွေကို ဆန္ဒပြတဲ့သူတွေကဝင်လုပြီး သယ်သွားကြတဲ့မြင်ကွင်းကို ဒေသတွင်းမီဒီယာတစ်ခုရဲ့ ဗီဒီယိုထဲမှာတွေ့ရပါတယ်။


ပြီးတော့ ပါလီမန်အမတ် Ahmad Sahroni အိမ်ထဲကနေ အသုံးအဆောင်ပစ္စည်းတွေဝင်လုနေတဲ့ ဗီဒီယိုတွေလည်း အွန်လိုင်းပေါ် မှာတွေ့ရပါတယ်။


သြဂုတ်၂၅ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ အင်ဒိုက ဆန္ဒပြပွဲတွေဟာ ကြာသပတေးနေ့က ဒလီဗာရီ သမားတစ်ဦးကို ရဲတပ်ဖွဲ့ကားကဝင်တိုက်လို့ သေသွားတာကြောင့်အရှိန်ပိုမြင့်လာခဲ့ပြီး အခြားမြို့ကြီးတွေထိကူးစက်သွားသလို လက်ရှိအချိန်မှာ လူ၅ဦးအနည်းဆုံး သေဆုံးသွားပြီဖြစ်ပါတယ်။

ree

ဆန္ဒပြတဲ့သူတွေရဲ့တောင်းဆိုမှုတွေထဲမှာ လုပ်ခလစာတွေတိုးမြှင့်ပေးဖို့၊အမြင့်အခွန်အခတွေ လျှော့ချပေးဖို့နဲ့ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစီအမံတွေချမှတ်ပေးဖို့ အချက်တွေပါဝင်ပါတယ်။


အင်ဒိုနီးရှားသမ္မတ Prabowo Subianto လွှတ်တော်ဥက္ကဋ္ဌ Ahmad Muzani (ဘယ်)နှင့် PDI-P ဥက္ကဋ္ဌ Megawati Soekarnoputri (ညာ) တို့ခြံရံပြီး ဒီနေ့ သြဂုတ်၃၁ရက်နေ့က မိန့်ခွန်းပြောနေစဉ်၊


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page