top of page

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းဗီဒီယို ရှစ်သောင်းပြည့်ပြီ

  • Writer: BVJ
    BVJ
  • Jun 18, 2025
  • 1 min read

BVJ/ယူဂရင်း_ ဇွန် ၁၈၊ ၂၀၂၅


မနက်ဖြန် ဇွန် ၁၉ရက်မှာကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် မွေးနေ့ဆုတောင်းကမ်ပိန်းအတွက် မွေးနေ့ဆုတောင်း ဗီဒီယိုတွေ စုစုပေါင်း ၈၀၀၀၀ ရရှိထားပြီးဖြစ်တယ်လို့ ကမ်ပိန်းအဖွဲ့က အသိပေးလာပါတယ်။


ကမ်ပိန်းသတ်မှတ်ချက်က မွေးနေ့ဆုတောင်း ဗီဒီယို ရှစ်သောင်းဖြစ်ပြီး ဒီနေ့နေ့လယ်မှာ သတ်မှတ်ဗီဒီယိုပြည့်မီသွားတာဖြစ်ပါတယ်။


“အမေ့မွေးနေ့မတိုင်ခင် ၁ ရက်အလိုမှာ မွေးနေ့ဆုတောင်း ၈၀၀၀၀ ပြည့်သွားပါပြီ။ ပါဝင်ဆုတောင်းပေးသူများအားလုံးနှင့် ဆုတောင်းများကို ရရှိအောင်ကူညီပေးကြသူများအားလုံးကို ကင်မ် နှင့် ကမ်ပိန်းဖြစ်မြောက်ရေးကော်မတီမှကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ....

အမေ့အတွက်မွေးနေ့ဆုတောင်းများကို မူလသတ်မှတ်ထားသည့် ၁၉ ရက်နေ့ အထိဆက်လက် ပေးပို့နိုင်ကြပါတယ်ခင်ဗျာ”ဆိုပြီး ကမ်ပိန်းအဖွဲ့က ဒီနေ့မနက်မှာ အသိပေးထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဆုတောင်းဗီဒီယိုရှစ်သောင်းနဲ့ ကမ္ဘာ့ဂင်းနစ်စံချိန်တင်ဖို့ကြိုးစားနေတာဖြစ်ပြီး ပါဝင်လိုသူတွေအနေနဲ့ Suu 80 Birthday Campaign ဖေ့ဘွတ်ခ်ပေ့ချ် bitly.lc/x9a71 မက်ဆေ့ချ်ကနေပေးပို့ပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။


မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် သားငယ်ကင်အဲရစ်ကလည်း ကီလို ၈၀ ပြေးတဲ့ challengeကို အခုလ၁၃ရက်ကနေစတင်ကာ နေ့စဉ်ပြုလုပ်နေပြီး ကမ်ပိန်းထဲမှာ ကင်ရဲ့သမီးနဲ့သားဖြစ်သူတို့လည်း ပါဝင်ထားတာကို တွေ့ရပါတယ်။

1 Comment


Nay Min Tun
Jun 18, 2025

အမေစု အသက်ရာကျော်ရှည်ပါစေ.........အာဏာရူးစစ်ဂေါင်းဆောင်လက်မှာ့ အမြန်ဆုံးလွတ်မြှောက်ပါစေ

Like
BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page