တရုတ်သမ္မတဆီက Huawei စမတ်ဖုန်းလက်ဆောင်ရခဲ့တဲ့ စစ်ခေါင်းဆောင်
- BVJ

- Jun 19
- 1 min read
BVJ_ဇွန် ၁၈၊ ၂၀၂၆
တရုတ်နိုင်ငံကိုရောက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုသမ္မတ ဦးမင်းအောင်လှိုင်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန် ၁၆ရက်မှာလက်ခံတွေ့ဆုံပြီးနောက်မှာ နောက်ဆုံးပေါ် Huawei စမတ်ဖုန်းလက်ဆောင်ပေးခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ အခု ဇွန်လ ၁၅ရက်ကနေ ၁၉ရက်အထိ တရုတ်နိုင်ငံကိုသွားရောက်နေတာဖြစ်ပြီး ခရီးစဉ်အတွင်းတရုတ်သမ္မတနဲ့တွေ့ဆုံကာ တရုတ်-မြန်မာနှစ်နိုင်ငံသဘောတူညီချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ကလက်ဆောင်ရရှိခဲ့တဲ့ Huaweiဖုန်းကိုပျော်ပျော်ရွှင်ရွှင်နဲ့လက်ခံယူပြီးနောက်မှာ သူ့ရဲ့လူယုံတစ်ဦးကိုပေးလိုက်တာတွေ့ရပါတယ်။
အဲ့ဒီလူယုံဟာ ဘယ်သူလဲ၊ ဘယ်လိုကြောင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနားကို လွယ်လွယ်ကူကူနဲ့ရောက်လာခဲ့သလဲဆိုတာကို Burma VJက စုံစမ်းရေးသားခဲ့တာကို ဒီလင့် https://tinyurl.com/4u8rd99a ကနေဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Comments