top of page

နေကြတ်တာကို စပိန်မှာ လာကြည့်တဲ့သူ သန်းနဲ့ချီရှိ

  • Writer: BVJ
    BVJ
  • Aug 13
  • 1 min read

BVJ_သြဂုတ် ၁၃၊ ၂၀၂၆

ယူကေနိုင်ငံအပါအဝင် ဥရောပဒေသအများအပြားမှာ ၁၉၉၉ခုနှစ်နောက်ပိုင်း အကြီးအမားဆုံးနဲ့အထင်ရှားဆုံး နေကြတ်တာကိုမြင်တွေ့ခဲ့ရပြီး အိုက်စလန်နဲ့စပိန်နိုင်ငံတို့မှာရှားပါးတဲ့နေကြတ်ခြင်းကို အပြည့်အဝမြင်တွေ့ခဲ့ရပါတယ်။ ဗုဒ္ဓဟူးနေ့ညနေပိုင်းက စပိန်မြောက်ပိုင်းနဲ့ဘလီယားရစ်ကျွန်းစုတွေဘက်မှာ နေကြတ်တာလာကြည့်ဖို့ရောက်လာတဲ့သူ ၆ သန်းအထိရှိမယ်လို့ အာဏာပိုင်တွေကခန့်မှန်းထားပါတယ်။

နေကြတ်တာကိုကြည့်ရှုတဲ့နေရာတွေရဲ့ လုံခြုံရေးကိုအာမခံနိုင်ဖို့အတွက် အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင် ၂၅,၀၀၀ကိုစေလွှတ်ခဲ့ပြီး လေယာဉ်နဲ့ ရဟတ်ယာဉ် အစင်း ၁၀၀ နီးပါးကိုလည်း ဖြန့်ကြက်ချထားပေးခဲ့ပါတယ်။

လူဦးရေ ၄၀၀,၀၀၀ ခန့်သာရှိတဲ့ အိုက်စလန်နိုင်ငံမှာ လာရောက်လည်ပတ်သူ ၈၀,၀၀၀ အထိလက်ခံခဲ့ရပြီး၊ ကြည့်ရှုသူတွေ မျက်စိမထိခိုက်အောင်ကြည့်ရှုနိုင်တဲ့ မျက်မှန်တွေဟာလည်း ရက်ပေါင်းများစွာအကုန်ရောင်းထွက်သွားခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page