လန်ဒန်မှာကျင်းပခဲ့တဲ့ (၃၈)နှစ်ပြည့် ၈၈၈၈ အခမ်းအနားနဲ့ စက်ဘီးစီးရန်ပုံငွေပွဲ
- BVJ

- 2 days ago
- 1 min read
လန်ဒန်၊ ဩဂုတ် ၉
၈၈၈၈(ရှစ်လေးလုံး)ဒီမိုကရေစီအရေးတော်ပုံ (၃၈)နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားနဲ့ဆန္ဒပြပွဲကို ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့က ပါလီမန်ရှေ့မှာကျင်းပခဲ့ကြပါတယ်။
ဒီအခမ်းအနားမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်အဲရစ် (ခေါ်) ကိုထိန်လင်းအပါအဝင် တိုင်းရင်းသားလူမျိုးစုအသီးသီးက ကိုယ်စားလှယ်တွေတက်ရောက်လာကြပြီး သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံနဲ့ပတ်သက်လို့ အမှတ်တရစကားတွေပြောကြားခဲ့ကြပါတယ်။
ဒါ့အပြင် (၃၈) ကီလိုမီတာ စက်ဘီးစီးရန်ပုံငွေရှာဖွေပွဲကိုပါ တပါတည်းကျင်းပခဲ့တာဖြစ်ပြီး လက်ရှိမှာဗြိတိန်ပေါင် (၅,၀၀၀)အထိရရှိထားပါတယ်။ ရလာတဲ့ ရန်ပုံငွေတွေကို နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းက အကူအညီအရေးတကြီးလိုအပ်နေတဲ့ ရေဘေးဒဏ်သင့်ဒေသတွေဆီ ပေးပို့လှူဒါန်းသွားမယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို တက်ရောက်လာကြတဲ့ UK နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးမောင်မောင်အောင်၊ ၈၈ မျိုးဆက် နိုင်ငံရေးအကျဉ်းသူဟောင်း ဒေါ်နီတာနဲ့ မော်ဒယ်/သရုပ်ဆောင် မေမြတ်နိုးတို့ကို Burma VJ မီဒီယာက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။
လွတ်လပ်သည့် ကျွန်ုပ်တို့မီဒီယာဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် မိတ်ဆွေတို့တစ်ဦးချင်းစီ၏ အကူအညီကအလွန်အရေးပါ ပါသည်။ Paypal၊ Wise၊ NUGPay တို့ဖြင့် Burma VJ ကိုကူညီ၊ထောက်ပံ့နိုင်ပါသည်။
bvjnews*nugpay.app

Comments