top of page

တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဖားဆောင်းPDF နှစ်ဦးကျဆုံး

  • Writer: BVJ
    BVJ
  • Aug 19
  • 1 min read

ယူဂရင်း/BVJ_သြဂုတ် ၁၉၊ ၂၀၂၅

ree

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၁၃၅)တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်း ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်လို့ ဖားဆောင်းပြည့်သူကာကွယ်ရေးတပ် (အမှတ်-၁၁၀၈) တပ်ရင်းက သိရပါတယ်။

 

ခလရ(၁၃၅)ဝင်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အဲ့ဒီလေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ရဲဘော် ဖြိုးဖြိုးအောင်(ခ)အိုင်ညီ  အသက် (၁၉)နှစ်၊ ရဲဘော် အာကာမင်းခန့် အသက်(၂၀)နှစ် တို့ ကျဆုံးခဲ့တာဖြစ်တယ်လို့ ဒီနေ့မှာ အသိပေးထုတ်ပြန်လာတာပါ။

 

တိုင်းပြည်နဲ့လူမျိုးအတွက် အသက်စွန့်လွှတ်အနစ်နာခံခဲ့တဲ့ ရဲဘော်နှစ်ဦးအတွက် အာဇာနည်သူရဲကောင်းများအဖြစ် တပ်ရင်းက အလေးအနက်မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့လည်း ဖော်ပြပါတယ်။

 

ဖားဆောင်းမြို့နယ်အတွင်း စစ်ကောင်စီရဲ့ ခလရ(၁၃၅)တပ်ရင်းတခုသာကျန်ရှိတော့သာဖြစ်ပြီး ဒါကိုသိမ်းယူနိုင်ဖို့ ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေကြတာဖြစ်ပါတယ်။

 

ပုံစာ-တိုက်ပွဲအတွင်း ကျဆုံးရဲဘော် နှစ်ဦး(ဓါတ်ပုံ-ဖားဆောင်းPDF)

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page