ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ်ဆင်နွှဲကြဖို့ ဟားခါးမြို့က ပြည်သူတွေကို CDF-ဟားခါး တပ်ဖွဲ့ တိုက်တွန်းထား
- BVJ

- Dec 26, 2025
- 1 min read
◾ဟားခါးအမတ်လောင်းတွေရဲ့ပိုင်ဆိုင်မှု ပြည်သူပိုင်အဖြစ် သိမ်းဆည်း
မိုနာ/BVJ_ဒီဇင်ဘာ ၂၄၊ ၂၀၂၅

အာဏာသိမ်း စစ်အုပ်စုက အခုလာမယ့် ၂၈ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း-၁မှာ ပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့ကပြည်သူလူထုအနေနဲ့ အဲ့ဒီနေ့မှာအိမ်ထဲမှာနေပြီး အသံတိတ်သပိတ်ဆင်နွှဲကြဖို့ CDF-ဟားခါး ဗဟိုကောင်စီက ဒီနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးတော့ စစ်အုပ်စုရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ဟားခါးလွှတ်တော်ကိုယ် စားလှယ်လောင်းတွေနဲ့ နိုင်ငံရေးပါတီတွေက ပိုင်ဆိုင်မှုတွေအားလုံးကိုလည်း ပြည်သူပိုင်သိမ်းဆည်းလိုက်ပြီး ပြည်သူတွေအနေနဲ့လည်း စစ်အုပ်စုရွေးကောက်ပွဲဝင်ပြိုင်တဲ့ပုဂ္ဂိုလ်တွေနဲ့ ပါတီတွေရဲ့ ဟားခါးမြို့နယ်အတွင်းပိုင်ဆိုင်မှုတွေ ကို လွှဲပြောင်း ဝယ်ယူခြင်းတွေမလုပ်ကြဖို့ကိုလည်း အသိပေးကြေညာထားပါတယ်။
ဟားခါးမှာ ခူမီးအမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီနဲ့ ချင်းပြည်သစ် ကွန်ဂရက်ပါတီတို့က ကိုယ်စားလှယ်လောင်းတွေဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

စစ်အုပ်စုဟာ အပြစ်မဲ့အရပ်သား ပြည်သူတွေကိုသတ်ဖြတ်၊ ပြည်သူ့အိုးအိမ်စည်းစိမ်တွေ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘုရားကျောင်းတွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှို့၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို တနိုင်ငံလုံးအတိုင်းအတာနဲ့နေ့စဉ်ပြုလုပ်ပြီးနောက် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ဖို့နဲ့ အာဏာတည်မြဲရေးအတွက် ရွေးကောက်ပွဲကိုကျင်းပတာဖြစ်တယ်လို့ CDF-ဟားခါးကပြောထားပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတမှုကင်းမဲ့တဲ့ အတုအယော င်ရွေးကောက်ပွဲဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ရွေးကောက်ပွဲအပိုင်း-၁မှာ ဟားခါးနဲ့တီးတိန်မြို့နယ်တို့ပါဝင်ပေမယ့် နေရာတိုင်းမကျင်းပနိုင်ဘဲ ဟားခါးမြို့ပေါ်ရပ်ကွက် နှစ်ခုနဲ့ ကျေးရွာအုပ်စု ၂၉ခုမှာမလုပ်နိုင်ဘူးလို့ စစ်အုပ်စုလက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။ အလားတူပဲ တီးတိန်မှာ လည်း ကျေးရွာအုပ်စု ၅၅ခုမှာရွေးကောက်ပွဲမလုပ်နိုင်လို့ ကြေညာထားတာကြောင့် စစ်အုပ်စုရွေး ကောက်ပွဲအပိုင်း-၁ဟာ မြို့ပေါ်ရပ်ကွက်တချို့မှာသာ ကျင်းပနိုင်မှာဖြစ်ပါတယ်







Comments