top of page

"ကမ္ဘာ့ဖလားရွှေဖိနပ်ဆု ဘယ်သူရနိုင်မလဲ"

  • Writer: BVJ
    BVJ
  • Jul 9
  • 1 min read

အီးကေ/BVJ

အီဂျစ်အသင်းကို ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ အာဂျင်တီးနားကြယ်ပွင့်လီယွန်နယ်မက်ဆီက (၈)ဂိုးမြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၂၆ ကမ္ဘာ့ဖလားရွှေဖိနပ်ဆု (Golden Boot)အတွက် ဦးဆောင်တဲ့သူနေရာတစ်ကျော့ပြန်ရောက်ရှိလာခဲ့ပါတယ်။


အင်္ဂါနေ့က အတ္တလန်တာမြို့မှာကစားခဲ့တဲ့ (၁၆) သင်းအဆင့်ပွဲစဉ်မှာ အာဂျင်တီးနားက အီဂျစ်အသင်းကို(၂-၀) ဂိုးနဲ့ရှုံးနေတာက နောက်ကလိုက်ကစားပြီး မက်ဆီက ချေပဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီဂိုးဟာ မက်ဆီအတွက် အခြားသူတွေရှေ့ကနေ ဂိုးအများဆုံးသွင်းသူအဖြစ် ရွှေဖိနပ်ဆုရဖို့ထိပ်ဆုံးက ရေပန်းစားနေပါတယ်။


အရင်က ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေနဲ့ မက်ဆီတို့(၇)ဂိုးစီနဲ့ ပူးတွဲဦးဆောင်နေခဲ့ပေမယ့် တနင်္ဂနွေနေ့ကဘရာဇီးနဲ့ပွဲမှာ နော်ဝေကြယ်ပွင့် အာလင်းဟာလန်းက (၂)ဂိုးသွင်းယူခဲ့တဲ့အတွက် သွင်းဂိုး ၇ ဂိုးရသွားပြီး အမ်ဘာပေနဲ့ဂိုးအရေအတွက်တူသွားပါတယ်။


လက်ရှိ ဂိုးသွင်းအများဆုံး ကစားသမားတွေ

၁. လီယွန်နယ်မက်ဆီ (အာဂျင်တီးနား) - ၈ ဂိုး (၁ ကြိမ် ဖန်တီး)

၂.ကီလီယန် အမ်ဘာပေ (ပြင်သစ်) - ၇ ဂိုး (၂ ကြိမ် ဖန်တီး)

၃.အာလင်း ဟာလန်း (နော်ဝေ) - ၇ ဂိုး (၀ ကြိမ် ဖန်တီး)

၄.ဟယ်ရီကိန်း (အင်္ဂလန်) - ၆ ဂိုး (၁ ကြိမ် ဖန်တီး)

၆.အူစမန် ဒမ်ဘယ်လီ (ပြင်သစ်) - ၄ ဂိုး (၂ ကြိမ် ဖန်တီး)

၇.မီကယ် အိုယာဇာဘယ် (စပိန်) - ၄ ဂိုး (၁ ကြိမ် ဖန်တီး)


ရွှေဖိနပ်ဆုပေးအပ်ခြင်းဆိုင်ရာ စည်းမျဉ်းများ

ဖီဖာရဲ့ရွှေဖိနပ်ဆုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာဂိုးအများဆုံးသွင်းယူနိုင်တဲ့သူကို ပေးအပ်တာဖြစ်ပါတယ်။ တကယ်လို့ ဂိုးအရေအတွက်တူညီနေပါက အောက်ပါအတိုင်းအဆင့်ဆင့်ခွဲခြားဆုံးဖြတ်ပါတယ်။


၁။ ဂိုးဖန်တီးမှု (Assists) အများဆုံးသူကိုရွေးချယ်ပါမယ်။

၂။ တကယ်လို့ဂိုးအရေအတွက်နဲ့ ဖန်တီးမှုအရေအတွက်ပါတူညီနေပါက မိနစ်အနည်းဆုံးကစားထားသူကို ဦးစားပေးမှာဖြစ်ပါတယ်။


သမိုင်းဝင် စံချိန်မှတ်တမ်းများ

ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုထဲမှာ ဂိုးအများဆုံးသွင်းထားသူတွေအဖြစ် ပြင်သစ်တိုက်စစ်မှူး ဂျပ်စ်ဖွန်တိန်က ၁၉၅၈ခုနှစ် ဆွီဒင်နိုင်ငံမှာကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၃ ဂိုးအထိသွင်းယူခဲ့ပြီး ဂိုးအများဆုံးစံချိန်တင်ထားပါတယ်။ ဒါ့အပြင် ဟန်ဂေရီတိုက်စစ်မှူး ဆန်ဒေါ်ကိုဆစ်စ်က ၁၉၅၄ ခုနှစ် ဆွစ်ဇာလန်ကမ္ဘာ့ဖလားမှာ ၁၁ ဂိုး၊ အနောက်ဂျာမနီကစားသမား ဂတ်မူလာက ၁၉၇၀ခုနှစ် မက္ကဆီကိုကမ္ဘာ့ဖလားမှာ ၁၀ ဂိုးအသီးသီးသွင်းယူခဲ့ကြပါတယ်။


ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဂိုးအများဆုံးသွင်းထားသူများ

  • လီယွန်နယ်မက်ဆီ - (အာဂျင်တီးနား) ၂၁ ဂိုး

  • ကီလီယန် အမ်ဘာပေ -(ပြင်သစ်) ၁၉ ဂိုး

  • မီရိုစလပ် ကလို့စ် -(ဂျာမနီ) ၁၆ ဂိုး

  • ဟာရီကန်း - (အင်္ဂလန်) ၁၄ဂိုး

  • ဂတ်မူလာ (အနောက်ဂျာမနီ) - ၁၄ ဂိုး


ကွာတားဖိုင်နယ်ပွဲစဉ်တွေစတင်တော့မှာဖြစ်ရာ ဒီနေ့မှာမော်ရိုကိုနဲ့ယှဉ်ပြိုင်ရမယ့် ပြင်သစ်အသင်းရဲအမ်ဘာပေအနေနဲ့ မက်ဆီရဲ့ဂိုးအရေအတွက်ကိုလိုက်မီနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ခရက်ဒစ်- AL Jazeera

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page