top of page

ချင်းပြည်၊ပလက်ဝမှာ ရခိုင်စာပေသင်ကြားမှုကို ခူမီးအဖွဲ့အစည်းကန့်ကွက်

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

ယူဂရင်း/BVJ_စက်တင်ဘာ ၇၊ ၂၀၂၆

ချင်းပြည်နယ်၊ပလက်ဝကို အာရက္ခတပ်တော်ထိန်းချုပ်ပြီးနောက်ပိုင်းတွေ့ရပုံ။
ချင်းပြည်နယ်၊ပလက်ဝကို အာရက္ခတပ်တော်ထိန်းချုပ်ပြီးနောက်ပိုင်းတွေ့ရပုံ။

အာရက္ခတပ်တော်-AAထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ အခြေခံပညာရေး သင်ရိုးညွန်းတမ်းကို ရခိုင်ဘာသာစာ(စကား)နဲ့သင်ကြားဖို့ပြဌာန်းခြင်းအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ကမ္ဘာလုံးဆိုင်ရာခူမီးအဖွဲ့အစည်း(GKO)က မနေ့က စက်တင်ဘာ ၆ရက်မှာထုတ်ပြန်ပါတယ်။


ချင်းပြည်နယ်တောင်ပိုင်းမှာတည်ရှိတဲ့ ပလက်ဝဒေသဟာ ရှေးအစဉ်အဆက်ထဲက ခူမီးချင်းလူမျိုးတွေနဲ့အခြားချင်းမျိုးနွယ်စုဝင်တွေ စုစည်းနေထိုင်တဲ့ဒေသတစ်ခုဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၄၊ဇန်နဝါရီလမှာ ULA/AAကသိမ်းပိုက်ထိန်းချုပ်ပြီး လက်ရှိမှာတော့ အုပ်ချုပ်ရေးလုပ်ငန်းတွေဖော်ဆောင်နေတာပါ။

အခုမှာတော့ အခြေခံပညာရေးသင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစာနဲ့ပြဌာန်းပြီး ဒေသခံချင်းပြည်သူတွေရဲ့သဘေဆန္ဒမပါဘဲ အတင်းဓမ္မသင်ကြားစေတာကို စိတ်မကောင်းစွာကြားသိရကြောင်းနဲ့ အခုလုပ်ရပ်ဟာ ခူမီးချင်းလူမျိုးတွေနဲ့အခြားချင်းတိုင်းရင်းသားတွေအပေါ် မထီမဲ့မြင်ပြုရာရောက်တာကြောင့် ဒေသခံတိုင်းရင်းသားအချင်းချင်းကြားစိတ်ဝမ်းကွဲပြားမှုကိုဖြစ်စေတယ်လို့ GKOကပြောထားပါတယ်။


ဒါကြောင့် ဒေသခံပြည်သူအများစုရဲ့ဆန္ဒမပါဘဲ မိမိတို့အလိုကျအတင်းအဓမ္မလုပ်ဆောင်ခြင်းဟာ ကုလသမဂ္ဂရဲ့ဌာနေတိုင်းရင်းသားများဆိုင်ရာ အခွင့်အရေးကြေညာစာတမ်း(UNDRIP)ကို ချိုးဖောက်ရာရောက်တာကြောင့် ULA/AAရဲ့လုပ်ရပ်အ‌ပေါ် GKOကပြင်းထန်စွာကန့်ကွက်ရှုတ်ချတယ်လို့ ထုတ်ပြန်လာတာပါ။


ပလက်ဝအပါအဝင် ရခိုင်ပြည်နယ်အတွင်းက အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ဒေသတွေမှာ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ်ကစပြီး Grade-12 မြန်မာစာဖတ်စာကို တိုင်းရင်းဘာသာ(ခေါ်) ရခိုင်ဖတ်စာနဲ့ အစားထိုးလိုက်တာဖြစ်ပြီး ကျန်တဲ့အတိုင်းတွေကတော့အရင်အတိုင်းမပြောင်းလဲသေးဘူးလို့ သိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page