top of page

အငြင်းပွားဖွယ်ရာ ကမ္ဘာ့ဖလားရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ဖီဖာဖျက်သိမ်း

  • Writer: BVJ
    BVJ
  • Aug 3
  • 1 min read

အီးကေ/BVJ_သြဂုတ် ၁၊ ၂၀၂၆

ဂျီယန်နီ အင်ဖန်တီနိုဟာ ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလကစပြီး ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။
ဂျီယန်နီ အင်ဖန်တီနိုဟာ ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီလကစပြီး ဖီဖာဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌ Gianni Infantinoက ဖီဖာရဲ့ ရှယ်ယာတွေရောင်းချဖို့စီစဉ်ထားတဲ့ အငြင်းပွားဖွယ်အစီအစဉ်ကို ကန့်ကွက်မှုတွေမြင့်တက်လာတဲ့အတွက် ပယ်ဖျက်လိုက်ပြီဖြစ်ပါတယ်။


အင်ဖန်တီနိုက ဒီစီမံကိန်းဟာ ဘောလုံးလောကမှာ “ကွဲပြားမှုတွေ” ကိုသာ ဖန်တီးနေပြီး မူလရည်မှန်းချက်အတွက်လည်း “အကျိုးမရှိတော့ဘူး” ဆိုတာကို ရှင်းရှင်းလင်းလင်းမြင်လာရတဲ့အတွက် ဒီအဆိုပြုချက်ကို ဆက်လက်လုပ်ဆောင်မှာမဟုတ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။


နောက်ခံအကြောင်းရင်းများ

အင်ဖန်တီနို က ကမ္ဘာ့ဖလားပြိုင်ပွဲတွေ (အမျိုးသား/အမျိုးသမီး)အပါအဝင် ပြိုင်ပွဲတွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေလက်ခံဖို့အတွက် အသင်းဝင် ၂၁၁ နိုင်ငံကိုထောက်ခံမဲပေးရင် တစ်နိုင်ငံကို ဒေါ်လာသန်း ၄၀ (ပေါင်သန်း ၃၀) ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။


ဒါပေမဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ကတော့ ဒီအစီအစဉ်သာ ဆက်လုပ်မယ်ဆိုရင် ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ ကြာသပတေးနေ့က တုံ့ပြန်ခဲ့ပါတယ်။အခြားသော ဘောလုံးအဖွဲ့ချုပ်ကြီးတွေကလည်း ဒီအစီအစဉ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။


Concacaf (မြောက်အမေရိက၊ အလယ်အမေရိကနှင့် ကာရေဘီယံ): ဒီအဆိုပြုချက်ကို ပယ်ချလိုက်ပြီး အဖွဲ့ဝင်အများစုဟာ Infantino အပေါ် ယုံကြည်မှုတွေ လျော့ကျ နေပြီဖြစ်ပါတယ်။AFC (အာရှဘောလုံးအဖွဲ့ချုပ်)ကလည်း UEFA နဲ့ Concacaf တို့ဘက်ကနေရပ်တည်ကြောင်းကြေညာခဲ့ပါတယ်။


အင်ဖန်တီနိုရဲ့အကြီးတန်းအကြံပေး Carlos Cordeiroကလည်း ဒီအစီအစဉ်ဟာ “ဘောလုံးလောကအတွက်မကောင်းတဲ့စာချုပ်”ဖြစ်ပြီး “ဘောလုံးလောကရဲ့ အနာဂတ်ကိုပေါင်နှံလိုက်တာနဲ့တူတယ်” လို့ ပြောဆိုကာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။


အင်ဖန်တီနိုရဲ့ အခြေအနေ

ဒီအစီအစဉ်ကို UEFA (၅၅ မဲ)၊ Concacaf (၃၅ မဲ) နဲ့ အာရှ (၄၆ မဲ) တို့က ဆန့်ကျင်လိုက်တဲ့အတွက် စုစုပေါင်း ၁၃၆ မဲအထိဆန့်ကျင်သူတွေဖြစ်လာခဲ့ပါတယ်။ အတည်ပြုချက်ရဖို့ အဖွဲ့ဝင် ၁၀၆ နိုင်ငံရဲ့ထောက်ခံမဲလိုအပ်တဲ့အတွက် ဒီအခြေအနေမှာ အစီအစဉ်အောင်မြင်ဖို့မဖြစ်နိုင်တော့တာကြောင့် အခုလို ပယ်ဖျက်လိုက်ရတာဖြစ်ပါတယ်။


အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Infantinoဟာ လာမယ့် မတ်လမှာကျင်းပမယ့် FIFA ညီလာခံမှာ ဥက္ကဋ္ဌသက်တမ်း ၄ ကြိမ်မြောက်ပြန်လည်ရွေးချယ်ခံဖို့ ကြိုးပမ်းနေချိန်မှာပဲ ဒီကိစ္စကြောင့်ဖိအားတွေအကြီးအကျယ်ခံနေရပါတယ်။ သူကတော့ “ဘောလုံးလောကရဲ့ အကျိုးစီးပွားအတွက် စိတ်ဝင်စားသူအားလုံးကို ပြန်လည်စုစည်းသွားမယ်”လို့ပြောကြားခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page