top of page

အရှေ့အလယ်ပိုင်းရဲ့သမိုင်းဝင်အာရုဏ်ဦးအချိန်ရောက်လာပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ဟစ်ကြွေး

  • Writer: BVJ
    BVJ
  • 4 days ago
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၄၊ ၂၀၂၅

အီဂျစ်ထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ် ကြားကအာမခံပေးတဲ့သူအဖြစ် အမေရိကန်သမ္မတဒေါ်ထရမ့်လက်မှတ်ထိုးခဲ့။
အီဂျစ်ထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေးသဘောတူစာချုပ် ကြားကအာမခံပေးတဲ့သူအဖြစ် အမေရိကန်သမ္မတဒေါ်ထရမ့်လက်မှတ်ထိုးခဲ့။

ဂါဇာဒေသအတွင်း ၂နှစ်ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲပြီးဆုံးသွားဖို့ အရေးပါတဲ့ခြေလှမ်းတစ်ခုအဖြစ် အစ္စရေးဓားစာခံတွေနဲ့ပါလက်စတိုင်းအကျဥ်းသားတွေဟာ မနေ့တနင်္လာနေ့က ပြန်လွတ်မြောက်လာကြပါပြီ။


အမေရိကန်ကကြားဝင်စေ့စပ်ပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ပထမအဆင့်မှာ အသက်ရှင်နေသေးတဲ့အစ္စရေးဓားစာခံ အယောက်၂၀ကို ဟားမက်စ်အဖွဲ့ကပြန်လွှတ်ပေးခဲ့သလို အစ္စရေးကလည်း သူတို့ဖမ်းဆီးထိန်းသိမ်းထားတဲ့ပါလက်စတိုင်း အကျဥ်းသား ၂၀၀၀ နီးပါးကိုပြန်လွှတ်ပေးခဲ့ပါတယ်။


ပြန်လွတ်လာတဲ့ အစ္စရေးဓားစာခံတွေနဲ့သူတို့မိသားစုတွေပြန်ဆုံကြတဲ့အချိန်မှာ ပွေ့ဖက်ပျော်ရွှင်ပြီး အော်ဟစ်ငွေကြွေးနေကြတဲ့မြင်ကွင်းက အတော် စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ပြီးတော့ တဖက်မှာလည်း အစ္စရေးထောင်တွေထဲကနေပြန်လွတ်လာတဲ့ ထောင်နဲ့ချီတဲ့ပါလက်စတိုင်းတွေ ဘတ်စ်ကားတွေနဲ့ဂါဇာအနောက်ဖက်ကမ်းဒေသထဲဝင်လာတဲ့အချိန် စောင့်ကြိုနေတဲ့လူအုပ်ကြီးက သီချင်းတွေဆို အလံတွေဝှေ့ယမ်းနေကြတာကို တွေ့ရပါတယ်။


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့လေယာဥ် အစ္စရေးမြေပေါ်ဆိုက်ရောက်လာပြီး မိနစ်ပိုင်းအတွင်းမှာပဲ အဖမ်းခံထားရတဲ့သူတွေပြန်လွတ်လာကြတာဖြစ်ပါတယ်။

ပြီးတော့ ဒေါ်နယ်ထရမ့်ကအစ္စရေးလွှတ်တော်ထဲမှာမိန့်ခွန်းပြောခဲ့ပြီး၊သူ့မိန့်ခွန်းထဲမှာ အခုအချိန်ဟာ "အရှေ့အလယ်ပိုင်းသစ်ရဲ့သမိုင်းဝင်အရုဏ်ဦးဖြစ်ပြီး နောက်ဆုံးမှာတော့ရှည်လျား နာကျင်စရာကောင်းတဲ့အိမ်မက်ဆိုးတစ်ခု ပြီးဆုံးသွားပါပြီ" လို့ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အစ္စရေးပါလီမန်ထဲမှာစကားပြောပြီးနောက် သူ့ရဲ့ဂါဇာကမ်းမြောင်ငြိမ်းချမ်းရေးအစီအစဥ်နောက်ပိုင်းအဆင့် သဘောတူလက်မှတ်ထိုးဖို့ အီဂျစ်နိုင်ငံ Sharm el-Sheikhမြို့က ထိပ်သီးအစည်းအဝေးပွဲသွားခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသငြိမ်းချမ်းရေးဆွေးနွေးပွဲ နောက်အဆင့်သဘောတူလက်မှတ်ထိုးမယ့် အထက်ပါထိပ်သီးအစည်းအဝေးကို ကမ္ဘာ့နိုင်ငံ၂၀ကျော်ကခေါင်းဆောင်တွေတက်ရောက်လာကြတာတွေ့ရပါတယ်။


ဂါဇာကမ်းမြောင်ဒေသကိုကြေမွပျက်စီးစေခဲ့တဲ့ နှစ်နှစ်ကြာစစ်ပွဲအဆုံးသတ်ရေး ငြိမ်းချမ်းရေးစာချုပ်မှာ အီဂျစ်၊ ကာတာ၊ တူရကီနဲ့အမေရိကန်နိုင်ငံတွေက ခေါင်းဆောင်တွေက ကြားဝင်အာမခံပေးသူတွေအဖြစ်လက်မှတ်ရေးထိုးပေးခဲ့ကြပါတယ်။

လွတ်မြောက်လာတဲ့ အစ္စရေးဓားစာခံတွေကို ကားတွေနဲ့ တင်ခေါ်လာစဥ်။
လွတ်မြောက်လာတဲ့ အစ္စရေးဓားစာခံတွေကို ကားတွေနဲ့ တင်ခေါ်လာစဥ်။

သံတမန်ရေးဆိုင်ရာအောင်မြင်မှုတွေရခဲ့ပြီး၊ အစ္စရေးနဲ့ပါလက်စတိုင်းဒေသကအကျဥ်းသားတွေပြန်လွတ်လာအောင် မိသားစုနဲ့ပြန်ဆုံခွင့်ရအောင်လုပ်နိုင်ခဲ့ပြီးပေမယ့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု အဆင့်ကနေ ထာဝရငြိမ်းချမ်းရေးရတဲ့အခြေအနေအထိရောက်လာဖို့ကတော့ စိန်ခေါ်မှုတွေအများကြီး ကျန်နေပါသေးတယ်။


အမေရိကန်သမ္မဒေါ်နယ်ထရမ့်ရဲ့ အချက်၂၀ပါ ငြိမ်းချမ်းရေးအစီအစဥ်ရဲ့နောက်အဆင့်တွေထဲမှာ သဘောတူညီမှုရဖို့ခက်ခဲတဲ့ အချက်တွေရှိနေသေးတာကလည်း ငြိမ်းချမ်းရေးခရီးရှေ့ဆက်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းမှုတွေ အများကြီးဆက်လုပ်ရဦးမှာ သေချာပါတယ်။


Ref:BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page