ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရသဘောတူလက်ခံ
- BVJ

- Oct 10
- 1 min read
အေတီ/BVJ_ အောက်တိုဘာ ၁၀၊ ၂၀၂၅

အစ္စရေးအစိုးရက ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံတွေပြန်လွှတ်ပေးရေး အစီအစဉ်ကို သဘောတူအတည်ပြုလိုက်ပြီလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရုံးက ပြီးခဲ့တဲ့နာရီပိုင်းအတွင်းကထုတ်ပြန်ပါတယ်။
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပထမအဆင့်အရ ဂါဇာစစ်ပွဲလုံးဝပြီးဆုံးသွားဖို့ အမေရိကန်နဲ့ကြားဖျန်ဖြေသူတွေဆီက အာမခံချက်တွေရရှိထားပြီဖြစ်ကြောင်း ဟားမတ်စ်အဖွဲ့ညှိနှိုင်းရေးခေါင်းဆောင် Khalil al-Hayyaကပြောပါတယ်။
အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ အမေရိကန်အစိုးရကဦးဆောင်ကြားဝင်ညှိနိုင်းပေးခဲ့တာဖြစ်ပြီး အဖမ်းခံထားရတဲ့အစ္စရေးဓားစာခံတွေဟာ တနင်္လာနေ့ သို့မဟုတ် အင်္ဂါနေ့မှာပြန်လွတ်လာနိုင်ကြောင်း သမ္မတဒေါ်နယ်ထရမ့်ကပြောပါတယ်။အမေရိကန်သမ္မတရဲ့အရှေ့အလယ်ပိုင်းဆိုင်ရာ အထူးသံတမန် Steve Witkoff နဲ့ဒေါ်နယ်ထရမ့်ရဲ့သားမက် Jared Kushnerတို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမန်နာတာယာဟုနဲ့အတူ အစ္စရေးအစိုးရအဖွဲ့ အစည်းအဝေးဝင်တက်ခဲ့ကြတယ်လို့သိရပါတယ်။

သဘောတူညီချက်ပထမအဆင့်ကို အစ္စရေးနဲ့ဟားမတ်စ်အဖွဲ့ကိုယ်စားလှယ်တွေ မနေ့ကမနက်အစောပိုင်းက အီဂျစ်မှာလက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။အပစ်အခတ်ရပ်စဲရေးကိုနှစ်ဖက်လုံးက သဘောတူလိုက်ကြပြီဆိုတော့ ဟားမက်စ်ဘက်ကရော အစ္စရေးဘက်ကပါဖမ်းထားတဲ့ဓားစာခံတွေ၊ထောင်ချထားတဲ့သူတွေကို ရက်ပိုင်းအတွင်းအမြန်လွှတ်ပေးရမှာပါ။
ပြီးတော့သဘောတူညီမှုအရ ဂါဇာထဲကအစ္စရေးစစ်တပ် အမြန်ဆုံးပြန်ဆုတ်ခွာပေးရမှာဖြစ်ပါတယ်။အထက်ပါလုပ်ဆောင်ရမယ့်ကိစ္စတွေဟာ ရေရှည်တည်တံ့ပြီး တာရှည်ခံမယ့်ငြိမ်းချမ်းရေးအတွက် ပထမဆုံးခြေလှမ်းဖြစ်လာနိုင်ပါတယ်။အမေရိကန်စစ်တပ်ဦးဆောင်တဲ့ နိုင်ငံစုံတပ်ဖွဲ့ဝင်၂၀၀ခန့်ပါတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့က ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအခြေအနေကိုစောင့်ကြည့်ကြမှာဖြစ်ကြောင်း အမေရိကန်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။
အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ရဖို့ကြားဝင်ကူညီပေးခဲ့ကြတဲ့ ကာတာ၊အီဂျစ်နဲ့တူရကီ အစိုးရအဖွဲ့ကသူတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ ဒီအပစ်ခတ်ရပ်စဲရေးသဘောတူညီမှုဟာ အမေရိကန်ပဋိပက္ခအဆုံးသတ်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ရှစ်လတာကြိုးပမ်းမှုရလဒ်ဖြစ်ပါတယ်။ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်းကလည်း ဂါဇာစစ်ပွဲအဆုံးသတ်ရေးဟာ သူ့ရဲ့နိုင်ငံခြားရေးမူဝါဒထဲကဦးစားပေးလုပ်ငန်းတစ်ခုဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။
ဟားမက်စ်နဲ့အခြားပါလက်စတိုင်းအဖွဲ့အချို့က ၂၀၂၃ခုနှစ် အောက်တိုဘာ၇ရက်နေ့မှာအစ္စရေးတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် အစ္စရေးတစ်ထောင့်တစ်ရာကျော်သေဆုံးပြီး နှစ်ရာကျော်ဓားစာခံအဖြစ်အဖမ်းခံခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်ခံရမှုကိုအစ္စရေးအစိုးရက အပြင်းအထန်လက်တုံ့ပြန်ခဲ့ပြီး ၂နှစ်အတွင်းဂါဇာဒေသက ပါလက်စတိုင်း ၆၇၀၀ကျော်သေဆုံးခဲ့ပြီး၊ လူထောင်ပေါင်းများစွာအိုးမဲ့အိမ်မဲ့ဖြစ် ငတ်မွတ် ခေါင်းပါးမှုနဲ့ ကြုံခဲ့ရပါတယ်။







Comments