top of page

ဂါဇာဆေးရုံဗုံးကြဲတိုက်ခိုက်ခံရမှု သတင်းထောက် ၅ ဦးအပါအဝင် လူ၂၀ အနည်းဆုံး သေဆုံး

  • Writer: BVJ
    BVJ
  • Aug 26
  • 1 min read

အေတီ/BVJ_ သြဂုတ်၂၆၊ ၂၀၂၅

ree

ဂါဇာတောင်ပိုင်း Khan Yunisဒေသက Nasser ဆေးရုံ အစ္စရေးရဲ့တိုက်ခိုက်မှု နှစ်ကြိမ်ကြုံခဲ့ရပြီး နိုင်ငံတကာမီဒီယာတွေအတွက်အလုပ်လုပ်ပေးနေတဲ့ သတင်းထောက် ၅ ဦးအပါအဝင် အနည်းဆုံး လူ ၂၀ သေဆုံးခဲ့ပါတယ်။


သေဆုံးခဲ့ရတဲ့ သတင်းထောက် ငါးဦးဟာ ရိုက်တာ၊ အေပီ၊ အယ်ဂျားဇီးယားနဲ့ Middle East Eye သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေတဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သေဆုံးတဲ့သူတွေထဲမှာကျန်းမာရေးလုပ်သား လေးဦးလည်းပါဝင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက အတည်ပြုပါတယ်။


ပထမတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကို ကူညီကယ်ဆယ်ပေးဖို့ ကယ်ဆယ်ရေးသမားတွေရောက်လာတဲ့အချိန် ဒုတိယတိုက်ခိုက်မှုဖြစ်ပွားခဲ့တာ ဗီဒီယိုဖိုင်တစ်ခုမှာတွေ့ရပါတယ်။


ဆေးရုံတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းကြေကွဲရကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေ တန်ယာဟုက ထုတ်ပြောခဲ့ပြီး၊ အစ္စရေး စစ်တပ်တာဝန်ရှိတဲ့သူတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။


၂၀၂၃ခုနှစ်အောက်တိုဘာလက စတင်ဖြစ်ပွားခဲ့တဲ့ ဂါဇာစစ်ပွဲအတွင်းသေဆုံးတဲ့ သတင်းထောက်အရေအတွက်က နှစ်ရာနီးပါးအထိရှိသွားပါပြီ။


သတင်းလွတ်လပ်ခွင့်မြှင့်တင်ပေးနေတဲ့ ဦးဆောင်အဖွဲ့သတင်းသမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ CPJ အဆိုအရ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲဟာ သတင်းသမားတွေအတွက် အဆိုးရွားဆုံးစစ်ပွဲ ပဋိပက္ခတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်ထားပါတယ်။


လွန်ခဲ့တဲ့သုံးနှစ် ကမ္ဘာတစ်ဝှမ်းလုံးမှာ အသက်ပေးခဲ့ရတဲ့ သတင်းထောက်အရေအတွက်ထက် လွန်ခဲ့တဲ့ ၂နှစ်အတွင်း ဂါဇာမှာအသက်ပေးသွားရတဲ့ သတင်းထောက်အရေအတွက်က ပိုများနေတယ်လို့ CPJ အဖွဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


ဂါဇာစစ်ပွဲစတင်တဲ့အချိန်ကတည်းက နိုင်ငံတကာသတင်းထောက်တွေ ဂါဇာကမ်းမြှောင်ဒေသထဲ လွတ်လပ်စွာသတင်းယူခွင့်ကို အစ္စရေးကပိတ်ပင်ထားပါတယ်။


သတင်းထောက်အချို့ကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ထိန်းချုပ်မှုအောက်က ဂါဇာဒေသထဲမှာ လက်ခံသတင်းယူခွင့်ပြုထားပေမယ့် သူတို့သတင်းရရှိရေးအတွက် ဂါဇာမှာရှိတဲ့ ပြည်တွင်းသတင်းထောက်တွေကိုပဲ နိုင်ငံတကာမီဒီယာတွေက အားကိုးနေကြရပါတယ်။


Ref- BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page