top of page

ဂန့်ဂေါရှိ NUGအကျဉ်းထောင်ကစစ်သုံ့ပန်းသုံးဦး ထောင်ဖောက်ထွက်ပြေးသွား

  • Writer: BVJ
    BVJ
  • 2 minutes ago
  • 1 min read

မိုနာ/BVJ_မေ ၈၊ ၂၀၂၆

မင်းရွာကင်းစခန်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းများ (ဓါတ်ပုံ-NUG)
မင်းရွာကင်းစခန်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့တဲ့စစ်သုံ့ပန်းတွေနဲ့လက်နက်ခဲယမ်းများ (ဓါတ်ပုံ-NUG)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန-MOD လက်အောက်အကျဥ်းထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အကျဥ်းသား သုံးဦးဟာ မနေ့က မေ ၇ရက်ကထောင်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံဆီကသိရပါတယ်။


ထောင်ဖောက်ထွက်ပြေးသွားသူတွေထဲက နှစ်ဦးဟာ ဂန့်ဂေါမြို့နယ်၊မင်းရွာရဲစခန်းကို ၂၀၂၃၊ နိုဝင်ဘာလ ၃ ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ရရှိချိန်က ဖမ်းမိခဲ့တဲ့စစ်သုံပန်းတွေထဲကနှစ်ဦးဖြစ်ပြီး နောက်ထပ်တစ်ဦးကတော့ ရွှေဘိုရွာလူသတ်မှုဖြစ်စဥ်အတွင်း ထိန်းသိမ်းခံထားရသူဖြစ်တယ်လို့ ဒေသတွင်းအခြေအနေတွေကိုဖော်ပြနေတဲ့ ယောအလင်းတန်းကမှာဖော်ပြထားပါတယ်။


ဂန့်ဂေါဒေသခံက”လက်ရှိတော့ ထောင်ဖောက်ပြေးသွားတဲ့အကျဉ်းသားတွေကိုပြန်ဖမ်းဖို့ လိုက်ရှာနေကြပါတယ်။ နှစ်ချီနေတဲ့သူတွေဖြစ်တော့ သူတို့လွတ်သွားရင် လုံခြုံရေးအတွက်လည်းစိုးရိမ်ရတာမျိုးရှိပါတယ်”လို့ Burma VJကိုပြောပါတယ်။


ထောက်ဖောက်ထွက်ပြေးသွားသူသုံးဦးဟာ အစောင့်တွေအိပ်ပျော်နေချိန်မှာထွက်ပြေးသွားတာဖြစ်ကြောင်းနဲ့ လက်ရှိမှာတော့သူတို့သုံးဦးနဲ့ပတ်သက်ပြီး ရှာဖွေတွေ့ရှိတာမရှိသေးဘူးလို့ သိရပါတယ်။





  

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page