top of page

တံတားဦးလေတပ်စခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရမှု စစ်အုပ်စုဘက်ကအတည်ပြုလာ

Writer: BVJ
BVJ
Sep 11
1 min read

BVJ_စက်တင်ဘာ ၁၀၊ ၂၀၂၆

မန္တလေးတိုင်းအတွင်းက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့အနီးဝန်းကျင်နေရာတွေကို PDF တပ်ဖွဲ့က FPV Suicide Drone တွေနဲ့တိုက်ခိုက်ခဲ့ကြောင်း အာဏာသိမ်းစစ်အုပ်စုဘက်က စက်တင်ဘာ ၁၀ရက်ညပိုင်းမှာအတည်ပြုထုတ်ပြန်လာပါတယ်။


ဒီနေ့ စက်တင်ဘာ ၁၀ ရက်၊မွန်းလွဲပိုင်းမှာ FPV အသေခံဒရုန်းခြောက်စင်းနဲ့တိုက်ခိုက်ခံရတာဖြစ်ပြီး ဒီဒရုန်းတိုက်ခိုက်မှုကြောင့် တံတားဦးလေတပ်စခန်းအတွင်းက လေယာဉ်နှစ်စီးပျက်စီးပြီးထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် စစ်အုပ်စုဘက်ကတော့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့ဟန့်တားနိုင်ခဲ့လို့ လေယာဉ်နဲ့လူတွေထိခိုက်မှုမရှိဘူးဆိုပြီး ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။


ဒါ့အပြင် အခုတိုက်ခိုက်မှုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပစ်မှတ်ကိုတိုက်ခိုက်တာဖြစ်လို့ ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions)နဲ့အညီ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်လို့လည်း အာဏာသိမ်းစစ်အုပ်စုကထုတ်ပြန်ပါတယ်။


PDFဘက်ကတိုက်ခိုက်တဲ့ FPV ဒရုန်း ၆ စီးကိုတားဆီးနိုင်လိုက်တယ်လို့ စစ်အုပ်စုရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပေမယ့် ဒရုန်းတစ်စီးကလေယာဉ်တွေထားတဲ့ဂိုထောင်ထဲကိုဝင်သွားပြီး လေယာဉ်တစ်စင်းကိုထိမှန်သွားတယ်ဆိုတာကိုတော့ တိုက်ခိုက်မှုအပြီးထွက်ပေါ်လာတဲ့ ရုပ်သံဗီဒီယိုထဲမှာတွေ့ရပါတယ်။


ဒီဒရုန်းတိုက်ခိုက်မှုဟာ မြန်မာပြည်တွင်းမှာပထမဦးဆုံးအကြိမ်အဖြစ် လေတပ်စခန်းမှာရပ်ထားတဲ့ စစ်ဘက်သုံးတောင်ပံတပ်လေယာဉ် (fixed-wing military aircraft)ကို ဒရုန်းနဲ့တိုက်ခိုက်နိုင်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုဖြစ်လာနိုင်တယ်လို့လည်း Tactical Raptor 2.0 စာမျက်နှာကဖော်ပြထားပါတယ်။


အဲ့ဒီဒရုန်းတိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၁၀ ရက်ညနေပိုင်းကစပြီး မန္တလေး‌လေဆိပ်ကထွက်ခွာမယ့် MAIရဲ့ ပြည်တွင်း၊ ပြည်ပလေကြောင်းခရီးစဉ်အားလုံးကိုယာယီရပ်နားထားမယ်လို့လည်း MAIကကြေညာထားပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page