top of page

ပေါ်တာဆွဲပြီး အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သားနှစ်ဦး သာယာဝတီ PDFတပ်ဖွဲ့ နဲ့ ပူးပေါင်း

  • Writer: BVJ
    BVJ
  • May 23
  • 1 min read

BVJ/ဇော် - မေ ၂၃ ၊ ၂၀၂၅


ree

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ပျဉ်ပုံရွာမှာ ရောက်ရှိနေတဲ့ စစ်ကောင်စီစစ် ကြောင်းက တပ်သား ၂ ဦး သာယာဝတီခရိုင် အမှတ် - ၁ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း (၃၈၀၁) ထံ ပူးပေါင်းလာတယ်လို့ ဒီနေ့ မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


အခုလ ၁၉ ရက်နေ့က တပ်သား နိုင်ဝေလင်းနှင့် တပ်သား ရာဇာမင်းတို့ ၂ ဦးဟာ MA 1 သေနတ် (၂) လက်၊ လက်ပစ်ဗုံး (၁) လုံး၊ စကားပြောစက် (၁) လုံး၊ ကျည်ဘောက် (၆) ခုတို့ကို ယူဆောင်ပြီး သာယာဝတီခရိုင် အမှတ် - ၁ တပ်ရင်း (၃၈၀၁)ထံ ပူးပေါင်းလာပါတယ်။ သူတို့ရဲ့စစ်ကောင်စီတပ်ရင်းက အရပ်သားပြည်သူတွေကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ခိုင်းတာကြောင့် ထွက်ပြေးအလင်းဝင်ခဲ့တာလို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။


အလင်းဝင်လာတဲ့သူ ၂ ဦးဟာ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရပြီး အဓမ္မစစ်မှုထမ်းအဖြစ် ဖမ်းဆီးခံရတဲ့သူတွေဖြစ်ပါတယ်။ စစ်မှုထမ်းခေါ်ဆောင်ခံခဲ့ရပြီးနောက် တပ်တွင်းလုံခြုံရေးနဲ့ သက်သာချောင်ချိရေးလုပ်ငန်းတွေမှာ ကနဦးခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။


အဲဒီနောက်ပိုင်း နတ်တလင်းမြို့နယ် ပျဉ်ပုံ(ပျူစောထီး)ရွာကို စစ်ကောင်စီစစ်ကြောင်းနဲ့အတူ လိုက်ပါလာခဲ့ရပြီး အရပ်သားပြည်သူတွေရဲ့ နေအိမ်တွေမီးရှို့ဖျက်ဆီးတာ ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ ပြန်လည်တိုက်ပွဲဝင်မည်လို့ စီစဥ်ထားကြောင်း အလင်းဝင်လာတဲ့သူနှစ်ဦးက ပြောပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page