ဒေါ်အောင်ဆန်းစုကြည်မွေးနေ့နဲ့နှင်းဆီလှုပ်ရှားမှုမှာ EUအပါအဝင် ရန်ကုန်အခြေစိုက်သံရုံးတွေပါဝင်ဆုတောင်း
- BVJ

- Jun 19
- 1 min read
BVJ_ဇွန် ၁၉၊ ၂၀၂၆

ဒီနေ့ ဇွန် ၁၉ရက်မှာကျရောက်တဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁နှစ်ပြည့်မွေးနေ့အတွက် ရန်ကုန်အခြေစိုက်သံရုံးတွေဖြစ်တဲ့ ဥရောပသမဂ္ဂ(EU)၊ ဩစတြေးလျ၊ ဂျာမန်၊ နော်ဝေ၊ ဆွစ်ဇာလန်စတဲ့ သံရုံးတွေက ဆုတောင်းမှုနဲ့အတူနှင်းဆီဓါတ်ပုံတွေကို သံရုံးတွေရဲ့တရားဝင်လူမှုကွန်ရက်စာမျက်နှာတွေမှာ ဖော်ပြလာကြပါတယ်။

သြစတေးလျသံရုံးရဲ့တောင်းဆိုချက်ထဲမှာ "ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသော မတရားထိန်းသိမ်းထားခံရသူများကို လွှတ်ပေးရန် ယနေ့ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့တွင် ဩစတြေးလျက ထပ်မံတောင်းဆိုပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ မိသားစု၊ ဥပဒေအကြံပေးအဖွဲ့နှင့် တွေ့ဆုံခွင့်နှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ရရှိသင့်ပါသည်"လို့ ပြောထားပါတယ်။
ဒါ့အပြင် သြစတေးလျသံရုံးအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်ပြီး အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ အာဆီယံဘုံသဘောတူညီချက် ၅ ချက်နဲ့အညီ အလုံးစုံပါဝင်တဲ့ဆွေးနွေးမှုတွေကိုလုပ်ဆောင်ဖို့ တိုက်တွန်းတယ်လို့လည်းပြောထားပါတယ်။

ဆွစ်ဇာလန်သံရုံးကလည်း "ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ် ပြည့် မွေးနေ့တွင် ဆွစ်ဇာလန်နိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာနိုင်ငံရှိ မတရားဖမ်းဆီးခံထားရသော အခြားအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တောင်းဆိုကြောင်း ထပ်လောင်းပြောကြားပါသည်"လို့ ဖော်ပြထားပါတယ်။

ဒီနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့်မွေးနေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့နှင်းဆီလှုပ်ရှားမှုပြုလုပ်ကြဖို့ကို သပိတ်အဖွဲ့တွေနဲ့သပိတ်အဖွဲ့တွေကနှိုးဆော်ထားကြပါတယ်။ နှင်းဆီးလှုပ်ရှားမှုပြုလုပ်ရာမှာပါဝင်တဲ့ ပြည်တွင်းကပြည်သူတွေ၊ အထူးသဖြင့်မလွတ်မြောက်သေးတဲ့ဒေသကပြည်သူတွေအနေနဲ့ လုံခြုံရေးသတိနဲ့လှုပ်ရှားကြဖို့ကိုလည်း တိုက်တွန်းထားကြပါသေးတယ်။




Comments