top of page

ရခိုင်ပြည်ထဲထည့်သွင်းလိုက်တဲ့ ပလက်ဝအရေး စားပွဲဝိုင်းပေါ်အဖြေရှာဖို့ ချင်းညီနောင်ပြော

  • Writer: BVJ
    BVJ
  • Jun 18, 2025
  • 1 min read

BVJ/မိုနာ_ ဇွန် ၁၈၊ ၂၀၂၅


ပလက်ဝမြို့နယ်ကို ချင်းပြည်လို့သာတညီတညွတ်ထဲလက်ခံထားတယ်လို့ ချင်းညီနောင်အဖွဲ့- CB ပြောရေးဆိုခွင့်ရှိသူက ဒီနေ့ ဇွန် ၁၈ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။


ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်-AAက သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာ ထည့်သွင်းထားကြောင်း အခုလ ၁၂ရက်မှာ နိရဉ္စရာသတင်းဌာနကဖော်ပြပြီးနောက်မှာ ချင်းညီနောင်အဖွဲ့က အခုလိုထုတ်ပြောလာတာပါ။


“အရှင်းလင်းဆုံး ပြောချင်တာက ကျနော်တို့ ချင်းညီနောင်အကုန်လုံးက ပလက်ဝသည် ချင်းပြည်ဆိုတာကို တညီညွတ်ထဲယုံကြည်ကြတယ်။ လက်ခံပါတယ် ဒါကအရင်ဆုံးပြောချင်ပါတယ်။ ဒါက ညီနောင်တခုထဲမှ မဟုတ်ပါဘူး။ တနိုင်ငံလုံးကလည်း သိပါတယ်။ ဒီလိုပဲ ရပ်တည်လာတာပေါ့နော်။ တဆက်ထဲမှာပဲ ULA /AAဟာ ကျနော်တို့ရဲ့ အိမ်နီးချင်းကောင်းဖြစ်တယ်။ အိမ်နီးချင်းကောင်းထက်ပိုတဲ့ တကယ့်ရဲဘော်ရဲဖက်တွေဖြစ်တယ်၊၊ ဒီလိုမျိုး တော်လှန်ရေးကာလမှာ တချို့ဟာတွေကို အချင်းချင်းနိုင်ငံရေးအမြတ်ထုတ်လိုတဲ့ သဘောမျိုးနဲ့ ဒါမှမဟုတ် လူမျိုးရေး မုန်းတီးမှုတွေပွားနေအောင်ဆွတဲ့အပိုင်းတွေကို သတိထားရမယ် ဒီကာလမှာ။ ဒါက သူတို့(ULA/AA)အနေနဲ့ တရားဝင်ချပြတဲ့ဟာမျိုးလည်း မဟုတ်သေးဘူး။

...ကျနော်တို့က Territorial boundary (ပိုင်နက်နယ်မြေ)က မသွားဘဲနဲ့ အချင်းအချင်းအပြန်အလှန် အကျိုးပြုဖို့၊ အချင်းချင်းအိမ်နီးချင်းကောင်းအဖြစ်ရှိဖို့ ဒီအခက်အခဲပြသနာတွေကို တိုင်တိုင်ပင်ပင်နဲ့ စားပွဲဝိုင်းပေါ်မှာ အဖြေရှာရမယ်”လို့ ချင်းညီနောင်အ့ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောပါတယ်။


AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ပလက်ဝဟာချင်းပြည်ဆိုတာကို ချင်းမီဒီယာတွေမှာ အရင်ကဖြေထားခဲ့ဖူးကြောင်းနဲ့ လက်ရှိမှာစစ်ကောင်စီပြုတ်ကျရေးကိုသာ အဓိကထားအကောင်အထည်ဖော်ရမှာဖြစ်တယ်လို့လည်း သတင်းစာရှင်းပွဲမှာပြောပါတယ်။


ULA/ AAက ရခိုင်ပြည်ကို ခရိုင် ရှစ်ခုဖွဲ့စည်းသတ်မှတ်လိုက်ပြီး အဲ့ဒီထဲမှာ မောင်တောခရိုင်၊ စစ်တွေခရိုင်၊ မြောက်ဦးခရိုင်၊ မင်းပြားခရိုင်၊ ကျောက်ဖြူခရိုင်၊ တောင်ကုတ်ခရိုင်၊ သံတွဲခရိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝခရိုင်တို့ပါဝင်ကြောင်းသိရပါတယ်။

 

ပလက်ဝနဲ့ပတ်သက်ပြီး ချင်းအရေးလှုပ်ရှားသူတွေနဲ့ချင်းပြည်သူတွေကြား ဝေဖန်ကန့်ကွက်မှုတွေများပြားနေကြပေမယ့် AAဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာရှင်းလင်းပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page