top of page

ထရမ့်အစိုးရအဖွဲ့ကနေ အီလွန်မက်ခ် နုတ်ထွက်၊ "အငြင်းပွားကိစ္စရပ်တွေကို အဆုံးသတ်ချိန်"

  • Writer: BVJ
    BVJ
  • May 29
  • 1 min read

BVJ/Moore_မေ ၂၉ ၊ ၂၀၂၅


ree

ဘီလျံနာသူဌေးကြီးတစ်ဦးလည်းဖြစ်၊ Telsa နဲ့ Space X တို့ရဲ့ စီအီးအိုတစ်ဦးလည်းဖြစ်တဲ့ အီလက်မက်ခ်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့ကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ သူ ဦးဆောင်ခဲ့တဲ့ အစိုးရစွမ်းဆောင်ရည်ထိရောက်ရေးဌာန (DOGE) ကနေပါ နုတ်ထွက်မှာဖြစ်သလို ထရမ့်ကိုယ်တိုင် လက်မှတ်ထိုးခန့်အပ်ခဲ့တဲ့ အထူးအစိုးရဝန်ထမ်းရာထူးကနေ နုတ်ထွက်မှာလည်း ဖြစ်ပါတယ်။


ဖက်ဒရယ်အေဂျင်စီတွေအပေါ် အငြင်းပွားဖွယ် ဘဏ္ဍာရေးဖြတ်တောက်မှုတွေကို အီလွန်မက် ဦးဆောင်တဲ့ DOGE ဌာနက လုပ်ဆောင်ခဲ့တာကြောင့် ဖက်ဒရယ်အေဂျင်စီအများအပြား လုပ်ငန်းရပ်တန့်၊ နှောင့်နှေးခဲ့ရတာတွေရှိခဲ့ပေမဲ့ ကြီးမားတဲ့ အကျိုးရလဒ်တော့ ထွက်ပေါ်လာတာမျိုးတော့ မရှိခဲ့ပါဘူး။


DOGE ဌာနအကြီးအကဲကနေ ထွက်ခွာဖို့ပြင်ဆင်မှုတွေကို ဗုဒ္ဓဟူးနေ့ညပိုင်းမှာ လုပ်ဆောင်နေပြီဖြစ်တယ်လို့ အီလွန်မက်ခ်က သူ့ကိုယ်ပိုင်လူမှုကွန်ရက် X (Twitter) မှာ ရေးတင်ထားသလို အိမ်ဖြူတော်ကလည်း ရိုက်တာသတင်းဌာနကို အတည်ပြုထားပါတယ်။


လူမှုကွန်ရက် X မှာ ရေးထားတဲ့ အီလွန်မက်ခ်ရဲ့ပို့စ်မှာ DOGE ရဲ့အကြီးအကဲအဖြစ် သူ့ကို အထူးအစိုးရဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့မှုအတွက် သမ္မတထရမ့်ကို ကျေးဇူးတင်ကြောင်းလည်း ရေးသားခဲ့ပါသေးတယ်။ အမေရိကန်သမ္မတ ဒါမှတ်မဟုတ် လွှတ်တော်ရဲ့ အထူးတာဝန်ထမ်းတွေကို ထမ်းဆောင်နိုင်ဖို့ ကာလတို အထူးအစိုးရဝန်ထမ်းခန့်အပ်မှုကို အမေရိကန်လွှတ်တော်က ၁၉၆၂ ခုနှစ်မှာ အတည်ပြုထားခဲ့တာလည်း ဖြစ်ပါတယ်။


အထူးအစိုးရဝန်ထမ်းအဖြစ် ရက်ပေါင်း ၁၃၀ မပြည့်မီ ၂ ရက်အလိုမှာ အီလက်မက်ခ်က ရာထူးက နုတ်ထွက်ကြောင်း သူ့ရဲ့လူမှုကွန်ရက်မှာ ကြေညာခဲ့တာဖြစ်ပြီး သူ နုတ်ထွက်ကြောင်း မကြေညာခင် သမ္မတထရမ့်အစိုးရအဖွဲ့ရုံးကို တင်ပြခဲ့တာမျိုးမရှိခဲ့ဘူးလို့ အိမ်ဖြူတော်သတင်းရင်းမြစ်ကလည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။


သမ္မတထရမ့်အစိုးရအဖွဲ့ကို ကြိုတင်မတင်ပြဘဲ အခုလို နုတ်ထွက်ကြောင်း ရေးသားခဲ့တဲ့ အီလွန်မက်ခ်ရဲ့လုပ်ရပ်ဟာ သူ့ကိုယ်သူ ထိပ်ပိုင်းဝန်ထမ်းတစ်ခုရဲ့ပုံစံ ပြသနေသလို ဖြစ်နေတယ်လို့ အိမ်ဖြူတော်သတင်းရင်းမြစ်က ဖြည့်စွက်ပြောပါတယ်။


 ဖက်ဒရယ်အေဂျင်စီတွေကို ထောက်ပံ့နေတဲ့ ဘဏ္ဍာငွေ ၂ ထရီလီယံအထိဖြတ်တောက်ပြီး မလိုအပ်တဲ့အသုံးစရိတ်တွေကို ချွေတာမယ်လို့ အီလွန်မက်ခ်က ပြောဆိုခဲ့ပေမဲ့ လက်ရှိအချိန်အထိ ၁၇၅ ဘီလျံသာ ဘဏ္ဍာရေးဖြတ်တောက်မှုတွေ လုပ်ဆောင်နေပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page