top of page

‌‌ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမယ့်ရလဒ်ကို အသိအမှတ်မပြုကြဖို့ NUCCနဲ့NUG ပူးတွဲထုတ်ပြန်

  • Writer: BVJ
    BVJ
  • Dec 28, 2025
  • 1 min read

မိုနာ/BVJ_ဒီဇင်ဘာ ၂၈၊ ၂၀၂၅

အာဏာသိမ်းစစ်အုပ်စုကကျင်းပတဲ့ ၂၀၂၅၊ ဒီဇင်ဘာ ၂၈ရက် ရွေးကောက်ပွဲအပိုင်း-၁မှာ စစ်ခေါင်းဆောင်မဲပေးပြီးနောက် မြင်တွေ့ရပုံ။
အာဏာသိမ်းစစ်အုပ်စုကကျင်းပတဲ့ ၂၀၂၅၊ ဒီဇင်ဘာ ၂၈ရက် ရွေးကောက်ပွဲအပိုင်း-၁မှာ စစ်ခေါင်းဆောင်မဲပေးပြီးနောက် မြင်တွေ့ရပုံ။

၂၀၂၀ ရွေးကောက်ပွဲရလဒ်သာ တရားဝင်ဖြစ်တာကြောင့် အာဏာသိမ်းစစ်အုပ်စုကပြုလုပ်တဲ့ အတုအယောင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုကြဖို့ကို ဒီနေ့ ဒီဇင်ဘာ ၂၈ရက် စစ်အုပ်စုရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တို့က ပူးတွဲ ထုတ်ပြန်ကြေညာပါတယ်။


မတရားအာဏာသိမ်းထားတဲ့ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲကျင်းပပိုင်ခွင့် မရှိကြောင်းနဲ့ စစ်အုပ်စုရဲ့ တရားမဝင်အတုအယောင်ရွေးကောက်ပွဲ အလွန်ကာလမှာလည်း တော်လှန်ရေးအင်အားစုတွေအနေနဲ့ ရည်မှန်းချက်(၆)ရပ်ရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။


ရည်မှန်းချက်(၆)ရပ်ထဲမှာ စစ်အာဏာသိမ်းမှုကိုဖယ်ရှားပြီး မြန်မာစစ်တပ်ကနိုင်ငံရေးမှာပါဝင်နေတာကို အဆုံးသတ်ဖို့၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းဖို့၊ သက်ဆိုင်သူတွေအားလုံးလက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပြဌာန်းဖို့၊ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်မှာ အပြည့်အဝထားရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်တည်ဆောက်‌ရေး၊ ပဋိပက္ခအတွင်း “လိင်နဲ့ကျားမအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေအပါအဝင်” မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေးစတာတွေ ပါဝင်ပါတယ်။


စစ်အုပ်စုက ဒီနေ့မှာ ရွေးကောက်ပွဲအပိုင်း-၁ကိုစတင်ကျင်းပနေပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီနေ့မှာမဲပေးပြီးနောက် သမ္မတလုပ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်လို့ သူ့အနေနဲ့သမ္မတလုပ်ချင်ပါတယ်ပြောလိုမရကြောင်းနဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်လည်းမဟုတ်တဲ့အတွက် လွှတ်တော်ခေါ်တဲ့အခါကျမှ လွှတ်တော်ကသမ္မတ ရွေးချယ်ရေးလုပ်လိမ့်မယ်လို့ အင်တာဗျူးဖြေထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် သမ္မတမလုပ်ဘူးလို့လည်း ယတိပြတ်ငြင်းဆိုသွားတာမျိုးကို စစ်ခေါင်းဆောင်ရဲ့စကားထဲမှာမတွေ့ရပါဘူး။


NUCCနဲ့ NUGရဲ့ ဒီနေ့တိုက်တွန်းချက်ထဲမှာတော့ ပြည်သူလူထုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲမှာ မပါဝင်ကြဖို့နဲ့ ပူးပေါင်းဆန့်ကျင်ပေးကြဖို့မေတ္တာရပ်ခံခဲ့ပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း စစ်အုပ်စုရွေးကောက်ပွဲနဲ့ ရလဒ်တွေကိုအသိအမှတ်မပြုကြဖို့ ပြောထားပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page