top of page

ဘုံရန်သူကိုသာ အရင်ဆုံးတော်လှန်ပြီး ချင်းပြည်အရေးကို တော်လှန်ရေးအလွန်မှာအဖြေရှာကြဖို့ ချင်းလက်နက်ကိုင် ၁၈ဖွဲ့ တိုက်တွန်း

  • Writer: BVJ
    BVJ
  • Jun 22
  • 1 min read

BVJ/မိုနာ_ ဇွန် ၂၀၊ ၂၀၂၅

ree

ချင်းပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်တိုက်ပွဲဝင်ပြီး ချင်း နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလ အလွန်မှာ နိုင်ငံရေးနည်းလမ်းနဲ့အဖြေရှာကြဖို့ဆိုပြီး ချင်းနွေဦးတော်လှန်ရေး လက်နက်ကိုင် ၁၈ဖွဲ့က မနေ့က ဇွန်၁၉ရက်မှာ ပူးတွဲကြေညာပါတယ်။


လက်ရှိချင်းပြည်အတွင်းမှာ တော်လှန်ရေးအဖွဲ့တွေအကြား မကြာခဏ အချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်း၊ အငြင်းပွားမှုတွေကို လက်နက်နဲ့ဖြေရှင်းဖို့ကြိုးစားခြင်း၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကြားစည်းလုံးညီညွတ်မှုအားနည်းလာခြင်းတို့ဟာ ပြည်သူ့တော်လှန်ရေးခရီးကို နှောင့်နှေးမှေးမှိန်သွားစေနိုင်တဲ့အပြင် ချင်းလူမျိုးတွေရဲ့တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ကိုလည်း ကျရှုံးသွားနိုင်တယ်လို့ ၁၈ဖွဲ့က ပြောထားပါတယ်။


ဒါကြောင့် ချင်းနွေဦးတော်လှန်ရေး လက်နက်ကိုင် ၁၈ဖွဲ့အနေနဲ့ ချင်းနွေဦးတော်လှန်ရေး လက်နက်ကိုင် အချင်းချင်းကြား လေးစားမှုရှိပြီး ချင်းတမျိုးသားလုံးစည်းလုံးညီညွတ်ရေးအတွက် အမြဲတမ်းမျှော်လင့်လျက်ရှိကြောင်းနဲ့ အချင်းချင်းကြားနားလည်မှု လွဲမှားစေနိုင်တဲ့ အပြောအဆို၊ အပြုအမူတွေကို ရှောင်ရှားပြီး ဘုံရန်သူကိုသာ ပထမဦးစားပေးတော်လှန်တိုက်ပွဲဆင်ကြဖို့ တိုက်တွန်းလာတာဖြစ်ပါတယ်။


တော်လှန်ရေးလက်နက်ကိုင်အဖွဲ့စည်းတွေအားလုံး စည်းလုံးညီညွတ်စွာစုဖွဲ့ပြီး ဘုံရန်သူကိုတော်လှန် တိုက်ထုတ်ဖို့၊ ချင်းလူမျိုးနဲ့ပိုင်နက်နယ်မြေတွေကို ခုခံကာကွယ်စောင့်ရှောက်ဖို့နဲ့ ၁၈ဖွဲ့အနေနဲ့လည်း ချင်းမျိုးသားစည်းလုံးညီညွတ်ရေး၊ ချင်းပြည်တည်ဆောက်ရေးအတွက် ချင်းပြည်သူတွေနဲ့အတူ စွမ်းစွမ်းတမံကြိုးပမ်းဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အခုကြေညာချက်ကို ချင်းနွေဦးတော်လှန်ရေး လက်နက်ကိုင်၁၈ဖွဲ့ဖြစ်တဲ့ Zotung Federal Council/ CDF-Zotung၊ CDF-Matupi၊ CDF-Kalay-Gabaw-Gangaw၊ CDF-Hakha Central Council၊ CDF-Thantlang၊ Lautu Region People Administration/ CDF-Lautu, Zopheiram Council/ CDF-Zophei၊ Maraland Council/CDF-Mara၊ Paletwa Council/CDF-Paletwa၊ Mindat Council၊ Senthang Central Council/SRF၊ Tedim Township Council / PDA၊ Thado Council / CDF-Thado၊ Tonzang Township Council / CDF-Tonzang၊ Siyin Regional Council / CDF-CDM-Siyin၊ Kanpetlet Council၊ Zanniatland People's Organization / CDF-Zanniatram၊ Hualngoram People's Organization / CDF-Hualngoram တို့က ပူးတွဲထုတ်ပြန်တာပါ။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page