ရေထဲမျောပါရုပ်အလောင်းတွေဆီကနေ မတ္တရာပကဖ ကျည်ဆံတွေဆယ်ယူ

BVJ_ စက်တင်ဘာ ၁၅၊ ၂၀၂၆
တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ရွှေကူနဲ့ဗန်းမော်မြို့နယ်မှာ စစ်တပ်ဘက်ကအသုံးပြုနေတဲ့ ဧရာဝတီမြစ်ကြောင်းထဲကစစ်င်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့PDFပူးပေါင်းတပ်တွေ ထိမှန်အောင်ပစ်ချနိုင်ခဲ့တာကြောင့် စစ်သင်္ဘော ဆယ်စင်းထက်မနည်းထိမှန် နစ်မြုပ်မှုတွေရှိနေပါတယ်။
အဲ့ဒီစစ်သင်္ဘောတွေနစ်မြုပ်မှုအတွင်းမှာ ရေနစ်သေဆုံးခဲ့ရတဲ့စစ်အုပ်စုတပ်ဖွဲ့တွေလည်းရှိသလို မြစ်ကမ်းဘေးကိုရေကူးပြီးထွက်ပြေးလွတ်မြောက်သွားသူတွေလည်းရှိခဲ့တယ်လို့ KIAဘက်ကအတည်ပြုပြောထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း ရေထဲမျောပါသွားတဲ့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်းတွေဆီကနေ ကျည်ဆံတွေကိုလိုက်လံဆယ်ယူထားတယ်လို့ မတ္တရာပကဖက ဒီနေ့စက်တင်ဘာ ၁၅ရက်မှာထုတ်ပြန်ထားပါတယ်။
"ကချင်ပြည်နယ်ဘက်တွင်နစ်မြုပ်သွားသော စစ်သင်္ဘောများတွင်ပါဝင်သည့် ရန်သူ့မျောပါအလောင်းများထံမှ 5.56 ကျည်တချို့ မတ္တရာမြို့နယ်ပကဖ ရဲဘော်များမှလိုက်လံဆယ်ယူရရှိခဲ့ပါတယ်ခင်ဗျာ"လို့ မတ္တရာပကဖက ပြောပါတယ်။
ဆယ်ယူရရှိခဲ့တဲ့ကျည်ဆံတွေဟာ ၂၀၂၆ထုတ်ဖြစ်တယ်လို့လည်း ပြောပါတယ်။
စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ဩဂုတ် ၂၁ရက်က မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာခဲ့ပြီးနောက်မှာ ပစ်ခတ်တိုက်ခိုက်မှုကိုခံခဲ့ရတာပါ။
စက်တင်ဘာ ၁၃ရက်မှာလည်း ဗန်းမော်မြို့ကို လူအင်အား၊လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်းပြန်ဆင်းသွားတဲ့ စစ်သင်္ဘောကို KIAပူးပေါင်းတပ်ကဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တာကြောင့် စစ်သင်္ဘောနှစ်စင်းမီးလောင်ပျက်ဆီးခဲ့ပါတယ်။
Video-မတ္တရာပကဖ

Comments