top of page

National Guard တပ်ဖွဲ့ဆိုတာဘာလဲ၊ ဘယ်လိုအချိန်တွေမှာ အသုံးပြုခဲ့တာလဲ

  • Writer: BVJ
    BVJ
  • Jun 10
  • 1 min read

● အေတီ

ree

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့က အထောက် အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်နေထိုင်သူတွေကို စီးနင်းဖမ်းဆီးမှုတွေလုပ်တာကနေ မငြိမ်မ သက်မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဆက်ဖြစ်လာခဲ့ပါတယ်။


လော့စ်အိန်ဂျလိစ်မြို့မှာဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေကို ကိုင်တွယ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နေရှင်နယ်ဂါ့ဒ်လို့ ခေါ်တဲ့ ပြည်စောင့်တပ်ဖွဲ့ဝင် အယောက် ၂,၀၀၀ ကို စေလွှတ်ခဲ့ပါတယ်။ ပြည်စောင့်တပ်အင်အားပိုတောင့်သွားအောင် မရိမ်းတပ်သား ၇၀၀ ကို အားဖြည့်ထားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထားပါတယ်။


ဒေါ်နယ်ထရမ့်ဟာ ပြည်စောင့်တပ်တွေစေလွှတ်တဲ့ကိစ္စကို ဒီမိုကရက်တစ်ပါတီက ကယ်လီဖိုး နီးယား အုပ်ချုပ်ရေးမှူးနဲ့ လော့စ်အိန်ဂျလိစ် မြို့တော်ဝန်တွေရဲ့ သဘောတူညီချက်မယူဘဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။


အဓိကရုဏ်းတွေနှိမ်နင်းဖို့ ပြည်စောင့်တပ်တွေစေလွှတ်တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ဟာ မှားယွင်းမှု မရှိဘူးလို့ သမ္မတဒေါ်နယ်ထရမ့်ကပြောနေသလို တဖက်မှာလည်း ဒေသခံအာဏာပိုင်တွေရဲ့ သဘောတူ ညီခွင့်ပြုချက်မယူဘဲ နေရှင်နယ်ဂါ့ဒ် ပြည်စောင့်တပ်တွေစေလွှတ်တာနဲ့ပတ်သက်လို့ ဒေါ်နယ်ထရမ့်ကို တရားစွဲဖို့ ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ် ရော့ဘ်ဘွန်တာနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင်နယူဆမ်တို့က ပြင်ဆင်နေပါတယ်။


ဒေါ်နယ်ထရမ့်က နေရှင်နယ်ဂါ့ဒ် ပြည်စောင့်တပ်တွေ စေလွှတ်တာနဲ့ပတ်သက်ပြီး အများစုက လက်မခံ ကန့်ကွက်နေကြတဲ့အတွက် ပြည်စောင့်တပ်ဆိုတာ ဘယ်လိုမျိုးတပ်လဲ၊ အရင်တုန်းက ဘယ်လိုလုပ်ဆောင်မှုတွေလုပ်ဆောင်ခဲ့လဲဆိုတာ စုစည်းပြောပြလိုက်ပါတယ်။



National Guard တပ်ဖွဲ့က ဘယ်လိုတပ်ဖွဲ့မျိုးလဲ ၊ ဘယ်လိုအချိန်‌တွေမှာ အသုံးပြုခဲ့တာလဲ


အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လော့စ်အိန်ဂျလိစ်မြို့မှာဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေ ထိန်းသိမ်းနိုင်ဖို့ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကစပြီး National Guard လို့ခေါ်တဲ့ ပြည်စောင့်တပ်တွေကို စတင်ဖြန့်ကျက်စေလွှတ်ခဲ့ပါတယ်။


ဒီကိစ္စမတိုင်ခင်မှာ အမေရိကန်သမ္မတတစ်ယောက်ရဲ့ အမိန့်နဲ့ လော့စ်အိန်ဂျလိစ်မြို့ကို ပြည်စောင့် တပ်တွေ စေလွှတ်ခဲ့တာက ၁၉၉၂ခုနှစ် နောက်ဆုံးဖြစ်ပါတယ်။လူမည်းအမျိုးသား ဆိုင်ကယ်သမား Rodney King ကို လူဖြူရဲအရာရှိလေးဦးက ရိုက်နှက်ဖမ်းဆီးခဲ့ရာက မတည်မငြိမ်မှုတွေအထိ ဦးတည်သွားပြီး ပြည်စောင့်တပ် တွေအသုံးပြုရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။

ree

National Guard တပ်ဖွဲ့ဆိုတာ ဘယ်လိုတပ်ဖွဲ့မျိုးလဲ


နေရှင်နယ်ဂါ့ဒ် လို့ခေါ်တဲ့ ပြည်စောင့်တပ် ကို စစ်တပ်ပုံစံမျိုးဖွဲ့စည်းထားပြီး အမေရိကန်သမ္မတနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေရဲ့ အမိန့်ပေးမှုအောက်မှာရှိပါတယ်။ပြည်စောင့်တပ်ဖွဲ့ဝင်တွေဟာ လေတပ်နဲ့ ကြည်းတပ်တွေရဲ့ အဓိကတိုက်ခိုက်ရေးအရံအင်အား အစိတ်အပိုင်းတရပ်လည်း ဖြစ်ပါတယ်။ ပြည်စောင့်တပ်တွေကို တိုက်ခိုက်ရေးအတွက် နိုင်ငံရပ်ခြားကို စေလွှတ်တာ ၊ စစ်ဆင်ရေးတွေမှာပါ အသုံးပြုနိုင်ပေမယ့် အများစုကတော့ သဘာဝဘေး အန္တရာယ်ကြုံလာတဲ့ အမေရိကန်နိုင်ငံတွင်းက အရေးပေါ်အခြေအနေတွေမှာ အသုံးပြုလေ့ရှိပါတယ်။


ဝါရှင်တန်ဒီစီအပါအဝင် ပြည်နယ်တိုင်းမှာ ပြည်စောင့်တပ်ဖွဲ့တစ်ဖွဲ့ရှိပါတယ်။ ပြည်နယ်အုပ်ချုပ် ရေးမှူးကပဲဖြစ်ဖြစ် ဒါမှမဟုတ် အမေရိကန်သမ္မကပဲဖြစ်ဖြစ် လိုအပ်လာရင် အချိန်မရွေး ပြည်စောင့်တပ်ကို ခေါ်ယူအသုံးပြုခွင့်ရှိပါတယ်။ ဒါပေမယ့် အခြားစစ်ဘက်ဆိုင်ရာဌာနတွေနဲ့တော့ ခွဲခြားထားပါတယ်။



ပြည်နယ်အုပ်ချုပ်ရေးမှုးအမိန့်နဲ့ အသုံးပြုခဲ့တဲ့အတွေ့အကြုံ


လတ်တလောနှစ်တွေအတွင်း ပြည်နယ်တွင်းမှာ ကြုံခဲ့ရတဲ့ အရေးပေါ်အခြေအနေတွေမှာ ပြည်စောင့်တပ်ကို အသုံးပြုခဲ့တဲ့အတွေ့အကြုံတွေရှိပါတယ်။ Covid-19 ကပ်ရောဂါ ဖြစ်ပွားခဲ့တဲ့ အချိန်ကာလတုန်းကဆို ရောဂါကာကွယ်ရေးအတွက် အချို့ပြည်နယ်တွေမှာ နှာခေါင်းစည်း တပ်‌ဖို့တိုက်တွန်းတာ၊ ကိုဗစ်ဆက်လက်မပြန့်ပွားရေးအတွက် ကာကွယ်တားဆီးတာ၊ ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ဆေးတဲ့ကိစ္စတွေမှာ ပါဝင်ကူညီခဲ့တာရှိပါတယ်။

၂၀၂၁ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်လွှတ်တော်ထဲ လူအုပ်ကြီးက ဝင်ရောက်အကြမ်း ဖက်တဲ့ကိစ္စ တည်ငြိမ်သွားအောင်လုပ်ဖို့ ပြည်စောင့်တပ် National Guard တပ်ဖွဲ့ ၆ထောင်ကျော် စေလွှတ်ခဲ့ရပါတယ်။



အစိုးရအမိန့်နဲ့ အသုံးပြုခဲ့တဲ့အတွေ့အကြုံ


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်လုပ်သလိုမျိုး ပြည်နယ်အုပ်ချုပ်ရေးမှုးကို မတိုင်ပင် ခွင့်ပြုချက်မယူဘဲ ပြည်စောင့်တပ်တွေစေလွှတ်ဖို့ တိုက်ရိုက်အမိန့်ပေးလုပ်ဆောင်တာမျိုးက မရှိသလောက် အတော်ရှားပါတယ်။ သမ္မတ အီဘရာဟင်လင်ကွန်း လက်ထက်တုန်းက လုပ်ခဲ့တာတွေရှိပေမယ့် လင်ကွန်းလက်ထက်ပြီးနောက်ပိုင်း ၁၉၅၇မတိုင်ခင်အထိ ဘယ်အမေရိကန်သမ္မတကမှ ပြည်စောင့်တပ်ကို အသုံးပြုခဲ့တာမရှိပါဘူး။


၁၉၆၇ ခုနှစ်မှာ ဒက်ထရွိုက်က်အရေးအခင်းတွေဖြစ်နေချိန် တည်ငြိမ်မှုပြန်ရအောင်လုပ်ခဲ့တာ၊ ‌ဒေါက်တာမာတင်လူသာကင်းလုပ်ကြံခံရပီးနောက်ပိုင်းဖြစ်ပွားတဲ့ အရေးအခင်းတွေမှာ အသုံးပြု တာ၊ ၁၉၇၀နယူးယောက် စာတိုက်သပိတ်တွေမှာ အသုံးပြုခဲ့တဲ့ မှတ်တမ်းတွေရှိပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page