top of page

ဒေါက်တာစိုးသူရဇော်ကို PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်အဖြစ် NUGက တာဝန်ပေးအပ်

  • Writer: BVJ
    BVJ
  • Sep 11
  • 1 min read

အေတီ/BVJ_ စက်တင်ဘာ ၁၀၊ ၂၀၂၅

ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် facebook
ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် facebook

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်‌ရေးဝန်ကြီးဌာန PDFတပ်မတော်စစ်ရုံးချုပ် ဒုတိယစစ်ဦးစီးအရာရှိချုပ်အဖြစ် မန္တလေးPDFခေါင်းဆောင် ဒေါက်တာစိုးသူရဇော်ကို ခန့်အပ်တာဝန်ပေးအပ်လိုက်တယ်လို့ သတင်းရရှိပါတယ်။


အဲ့ဒီသတင်းကို ဒေါက်တာစိုးသူရဇော်က အတည်ပြုပေးခဲ့ပြီး “ဒု စစ်ဦးစီးအရာရှိချုပ်ရဲ့တာဝန်တွေကို အပြည့်အဝထမ်းဆောင်မယ်”လို့ BVJကိုပြောပါတယ်။

ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် facebook
ဓာတ်ပုံ- ဒေါက်တာစိုးသူရဇော် facebook

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) Mandalay People’s Defence Force ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ဟာ မန္တလေးတိုင်း၊မိုးကုတ်မြို့ဇာတိဖြစ်ပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ဇူလိုင်လ တတိယပတ်အတွင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာလည်းဦးဆောင်ပါဝင်ခဲ့သူပါ။


၂၀၂၁ခုနှစ် စစ်အာဏာသိမ်းတဲ့အချိန်မှာ သွားဆရာဝန်အဖြစ် မိုးကုတ်ပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းနေတဲ့ ဒေါက်တာစိုးသူရဇော်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာဝင်ပါခဲ့ပြီးနောက် Mdy-PDF တပ်ဖွဲ့နဲ့အတူ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲနေပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page