top of page

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် မန္တလေးဆေးရုံကြီးမှာ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ ကုသမှုခံယူနေရ

  • Writer: BVJ
    BVJ
  • Oct 1
  • 1 min read

အေတီ/BVJ_အောက်တိုဘာ ၁၊ ၂၀၂၅

ree

NLDပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဟာ မန္တလေးဆေးရုံကြီးမှာ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါကုသမှုခံ ယူနေရကြောင်း ဒေါက်တာမြင့်နိုင်မိသားစုနဲ့ နီးစပ်သူတစ်ဦးက Burma VJကို အတည်ပြုပါတယ်။


“မန္တလေးဆေးရုံကြီးမှာ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရတယ်။ ပြဿနာတော့အရမ်းမရှိပါဘူး။ ဒါပေမဲ့ပိုးသတ်ဆေးသောက်ရတယ်။ နှလုံးရောဂါအခံရှိတော့ တော်တော်သတိထား ဂရုစိုက်ကုရမယ်လို့ပြောတယ်ဗျ”


ဒေါက်တာမြင့်နိုင်ဟာ စက်တင်ဘာ ၂၅ ရက်နေ့ကစပြီး မြင်းခြံထောင်ကနေ မန္တလေးဆေးရုံကြီးမှာတက်ရောက် ဆေးကုသမှုခံယူနေရတာဖြစ်ပါတယ်။ နှလုံးရောဂါအခံရှိပြီး နှလုံးစက်တပ်ထားရတဲ့အတွက် သူ့ကျန်းမာရေးအတွက် မိသားစုကစိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။


စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ၂၀၂၂ ခုနစ် ဩဂုတ်လ ၂ ရက်နေ့မှာ မုံရွာထောင်ကနေ မြင်းခြံထောင်ကို ရွှေ့ပြောင်းထားတာဖြစ်ပါတယ်။ NLDပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို စစ်ကောင်စီက အဂတိအမှုခုနစ်မှုအပါအဝင် အမှုပေါင်း ၁၀မှုနဲ့စွပ်စွဲပြီး ထောင် ၂၅ နှစ်ချမှတ်ထားပါတယ်။


ဒေါက်တာမြင့်နိုင်ဟာ NLD ပါတီကိုယ်စားပြုပြီး ၁၉၉၀ခုနှစ် အထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀အထွေထွေ ရွေးကောက်ပွဲတွေမှာ အနိုင်ရခဲ့တဲ့သူဖြစ်ပါတယ်။ပြီးတော့ ၂၀၁၆ခုနှစ်ကနေ၂၀၂၁ခုနှစ် အဖမ်းမခံရခင်အချိန်အထိ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။


၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီက NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ပုဒ်မပေါင်းစုံနဲ့ မတရားဖမ်းဆီးထောင်ချထားပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ ထောင်ဒဏ်တွေချမှတ်ခံထားရပါတယ်။


သွေးကင်ဆာဝေဒနာခံစားနေရတဲ့ NLD ပါတီဒုတိယဥက္ကဋ္ဌ မန္တလေးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကိုလည်း အကျဥ်းထောင်အတွင်း လုံလောက်တဲ့ဆေးကုသခွင့်မပေးခဲ့သလို အပြင်ဆေးရုံမှာလည်းအချိန်မှီကုသခွင့်မရတာတွေကြောင့် ၂၀၂၄ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က မန္တလေးဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page