top of page

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယအကြိမ် နိုင်ငံတော်အဆင့်ယူကေခရီးစဥ်

  • Writer: BVJ
    BVJ
  • Sep 17
  • 1 min read

အေတီ/BVJ_ စက်တင်ဘာ ၁၇၊ ၂၀၂၅

ree

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ ဒုတိယမြောက်နိုင်ငံတော်ခရီးစဥ်အဖြစ် ယူကေနိုင်ငံကိုရောက်ရှိနေပြီဖြစ်ပါတယ်။ မနေ့ညကလန်ဒန်စတမ်းစတက်ဒ်လေဆိပ်ကို အဲယားဖို့စ်ဝမ်းလေယာဥ်ကြီးနဲ့ဆိုက်ရောက်လာတဲ့ ဒေါ်နယ်ထရမ့်တို့ဇနီးမောင်နှံကို ယူကေနိုင်ငံခြားရေးဝန်ကြီး အဲ့ဗက်ကူပါနဲ့အဖွဲ့က နိုင်ငံတော်အဆင့်အခမ်းအနားနဲ့ ကြိုဆိုခဲ့ပါတယ်။


  • တော်ဝင်မိသားစုနဲ့ အတူ

ဒီနေ့ဗုဒ္ဓဟူးနေ့မှာ ချားလ်ဘုရင်ကြီးနဲ့တော်ဝင်မိသားစုကို ဝင်ဆာရဲတိုက်ကြီးမှာသွားရောက်တွေ့ဆုံဖို့စီစဥ်ထားပြီး တော်ဝင်မိသားစုကထရမ့်နဲ့သူ့ဇနီးကို ကော်ဇောနီခင်း ကြိုဆိုဧည့်ခံမှာဖြစ်ပါတယ်။


၂၀၁၉ခုနှစ်က သမ္မဒေါ်နယ်ထရမ့်ရဲ့ပထမဆုံးယူကေနိုင်ငံတော်ခရီးစဥ်မှာ ချားလ်ဘုရင်ကြီးရဲ့မယ်တော် အဲလိဇဘက်ဘုရင်မကြီးကကြိုဆိုဧည့်ခံခဲ့ပြီး အခုတခေါက်မှာတော့ သားတော်ချားလ်စ်ဘုရင်ကြီးရဲ့ ကြိုဆိုဧည့်ခံမှုကို လက်ခံရမှာဖြစ်ပါတယ်။


ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ ချားလ်ဘုရင်ကြီး၊ မိဖုရား ကာမီလာ၊ မင်းသားဝီလျံ၊ မင်းသမီးကက်သရင်းတို့နဲ့အတူ ဝင်ဆာရဲတိုက်ထဲမှာတရားဝင်နှုတ်ဆက်ခြင်းတွေ တော်ဝင်အခမ်းအနားတွေတက်ရောက်မှာဖြစ်ပါတယ်။

ညနေပိုင်းမှာတော့ အမေရိကန် F35ဂျက်ဖိုက်တာ၊ ယူကေရဲ့နာမည်ကြီး Red Arrows တိုက်လေယာဥ်တွေ ဝင်ဆာရဲတိုက်ကြီးပေါ်ကဖြတ်ပျံပြတာကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၊ ယူကေဝန်ကြီးချုပ်ကီယာစတမ်မာတို့က တော်ဝင်မိသားစုနဲ့အတူကြည့်ရှုကြမှာဖြစ်ပါတယ်။


  • ယူ‌ကေဝန်ကြီးချုပ်နဲ့

ကြာသပတေးနေ့မှာတော့ ယူကေဝန်ကြီးချုပ်ကီယာစတမ်မှာနဲ့တွေ့ဆုံမှာဖြစ်ပါတယ်။သူတို့နှစ်ဦးတွေ့ဆုံမှုမှာ ယူကရိန်းနိုင်ငံကို စစ်ရေးအကူအညီတွေတိုးပေးဖို့ကိစ္စတွေအပြင် စီးပွားရေးရင်းနှီးမြှပ်နှံမှုကိစ္စတွေလည်း ဆွေးနွေးဖို့ရှိနေပါတယ်။


ထရမ့်ရဲ့ခရီးစဥ်အတွင်းမှာ မိုက်ကရို‌ဆော့ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ ဘီလျံ၃၀နဲ့ဂူဂဲလ်မ္ပဏီရဲ့ အမေရိကန်ဒေါ် ၆.၈ဘီလျံအပါအဝင် အမေရိကန်ဒေါ် လာဘီလျံ ၄၀ကျော်တန်ဖိုးရှိတဲ့ စီးပွားရေးသဘောတူစာချုပ်တွေလက်မှတ်ထိုးဖို့လည်း ပါဝင်ပါတယ်။


အဲ့ဒီသဘောတူညီချက်တွေအရ ယူကေမှာအမေရိကန်ရင်းနှီးမြှုပ်နှံမှုတွေပိုတိုးလာပြီး ဥာဏ်ရည်တု (AI)နဲ့ ကွမ်တမ်တွက်ချက်ခြင်းဆိုင်ရာ Silicon Valleyနဲ့ယူကေကုမ္ပဏီတွေကြား နည်းပညာမိတ်ဖက်သစ်တွေဖြစ်လာဖို့ရှိပါတယ်။

ree

  • ဆန္ဒပြမယ့်သူတွေကလဲ စောင့်ကြိုနေ

အမေရိကန်သမ္မဒေါ်နယ်ထရမ့်ရဲ့ ယူကေခရီးစဥ်မှာ ကြိုဆိုတဲ့သူတွေရှိသလို မကြိုဆိုတဲ့သူကန့်ကွက်တဲ့သူတွေလည်းရှိပါတယ်။

ဒေါ်နယ်ထရမ့်သွားလည်မယ့်ဝင်ဆာရဲတိုက်ကြီးမှာ ကလေးမုဒိန်းမှုနဲ့အဖမ်းခံရပြီး ထောင်ထဲမှာကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ ဂျက်ဖရီအက်စတိန်းနဲ့ ဒေါ်နယ်ထရမ့်တွဲရိုက်ထားတဲ့ ပုံကို ဝင်ဆာရဲတိုက်ကြီးရဲ့နံရံမှာ မနေ့ညကပရိုဂျက်တာနဲ့ထိုးပြခဲ့တဲ့သူ ၄ ဦးအဖမ်းခံထားရပါတယ်။


ပြီးတော့ ထရမ့်ခရီးစဥ်ကိုမထောက်ခံတဲ့အဖွဲ့ ၆၀ နီးပါးစုစည်းပြီး TRUMP NOT WELCOME ဆန္ဒပြ ပွဲကို ဒီနေ့လန်ဒန်အချိန် နေ့လယ်၂နာရီကနေ ၅နာရီအထိ လန်ဒန်မြို့လယ်မှာချီတက်ဆန္ဒပြဖို့ပြင်ဆင်ထားတယ်လို့သတင်းရရှိပါတယ်။ ထရမ့်ကိုဆန္ဒပြမယ့်အဖွဲ့တွေထဲမှာ အမ်နက်စတီအင်တာနေရှင်နယ်အဖွဲ့နဲ့ ဂရင်းပိစ်တို့အဖွဲ့တွေလည်းပါ ပါတယ်။


၂၀၁၉ခုနှစ် ဇွန်လက ထရမ့်ရဲ့ပထမဆုံးနိုင်ငံတော်အဆင့် ယူကေခရီးစဉ်လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်ခြောက်ထောင်ကျော်အသုံးပြုခဲ့ရတာမှာ ခန့် မှန်းခြေ ကုန်ကျစရိတ် စတာလင်ပေါင် ၃.၄သန်းကို ယူကေအစိုးရကကုန်ကျခဲ့တာနဲ့ပတ်သက်ပြီးတော့လည်း ဝေဖန်ပြစ်တင်မှုတွေရှိနေပါသေးတယ်။


ခရက်ဒစ်- BBC


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page