ယူကရိန်းကို ပက်ထရီရှော့ဒုံးခွင်းဒုံးတွေ ပို့ပေးတော့မယ်လို့ ဒေါ်နယ်ထရမ့် ဆုံးဖြတ်
- BVJ

- Jul 15, 2025
- 1 min read
အေတီ/BVJ_ဇူလိုင် ၁၅၊ ၂၀၂၅

ရုရှားကို ပိုမိုပြင်းထန်တဲ့စီးပွားရေးပိတ်ဆို့မှုပြုလုပ်မယ်လို့ ခြိမ်းခြောက်မှုနဲ့အတူ ယူကရိန်းကိုလက်နက်တွေပိုပြီး ပို့ပေးမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သဘောတူကတိပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နာရီပိုင်းက အိမ်ဖြူတော်မှာ နေတိုးအဖွဲ့အကြီးအကဲ မာက်ခ်ရာက်တာနဲ့ တွေ့ဆုံမှုအတွင်း ဒေါ်နယ်ထရမ့်က အခုလိုအတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။
ရုရှား -ယူရိန်းစစ်ပွဲ အဆုံးသတ်ဖို့ သူ့ကြိုးပမ်းမှုကို ရုရှားဘက်ကပယ်ချလိုက်ပြီးနောက် ရက်ပိုင်းအတွင်း အခု သဘောထားပေါ်ထွက်လာတာပါ။
အမေရိကန်က ယူကရိန်းကိုပို့ပေးမယ့် ဒေါ်ဘာဘီလျံနဲ့ချီတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ ပက်ထရီရော့ ဒုံးခွင်းဒုံးစနစ်တွေအပြင် အခြားမစ်ဆိုင်းဒုန်းကျည်တွေလဲ ပါပါတယ်။ ဒီလက်နက်တွေအတွက် ကုန်ကျစရိတ်ကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေက ပေးချေမယ်လို့ ဒေါ်နယ်ထရမ့်ကပြောပါတယ်။

“အတိုချုပ်ပြောရရင်၊ ကျွန်တော်တို့ဟာ စွမ်းအားမြင့် ထိပ်တန်းလက်နက်တွေ ထုတ်လုပ်ပြီး၊အဲ့ဒီလက်နက်တွေ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဆီ ပို့ပေးမှာပါ” လို့ ထရမ့်က ထပ်ဖြည့်ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဘက် ယူကရိန်းနိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်စာချုပ် လက်မှတ်မထိုးဘူးဆိုရင် ရက်၅၀အတွင်းမှာ အခွန် ၁၀၀ရာခိုင်နှုန်းတိုးမြှင့်တဲ့ အလွန်ပြင်းထန်တဲ့ အခွန်စည်းကြပ်မှုတွေ ချမှတ်သွားမယ်လို့ ဒေါ်နယ်ထရမ့်အပြောအရ သိရပါတယ်။
သူအာဏာရရင် ၂၄နာရီအတွင်း ရုရှားနဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်သွားအောင် ပြုလုပ်ပေးမယ်ဆိုတဲ့ကတိနဲ့ ရွေးကောက်ပွဲအနိုင်ရအောင်လုပ်လာတဲ့ ဒေါ်နယ်ထရမ့်ဟာ စစ်ပွဲပြီးဆုံးအောင်လုပ်ဖို့ရည်ရွယ်တဲ့ သူ့ရဲ့ ငြိမ်းချမ်းရေးကြိုးပမ်းမှုကို သမ္မပူတင်က လက်မခံခဲ့အတွက် ယမ်းပုံမီးကျဖြစ်နေတယ်။
ရုရှားက တိုက်ပွဲတွေခေတ္တရပ်နားဖို့ သဘောတူညီခဲ့ပေမယ့် ခြွင်းချက်မရှိ ရက်၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မခံခဲ့ပါဘူး။ ရုရှားသမ္မတပူတင်ရဲ့ ငြိမ်းချမ်းသဘောတူညီမှုကို လက်မခံတဲ့ကိစ္စက ပူတင်နဲ့ဒေါ်နယ်ထရမ်းအကြား ယုံကြည်မှုအကြီးအကျယ်ပျက်ပြားခဲ့ပါတယ်။
ယူကရိန်းကို လက်နက်တွေပေးပို့မယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို နေတိုးအဖွဲ့အကြီးအကဲ မာက်ခ်ရာက်တာက ကြိုဆိုခဲ့သလို ယူကရိန်းသမ္မတာ ဇာလန်စကီးကလည်း သမ္မထရမ့်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်ကိုကယ်တဲ့ဆုံးဖြတ်ချက်လို့ ပြောခဲ့ပါတယ်။
Ref- Al Jazeera




Comments