top of page

DKBAတပ်ဖွဲ့ပိုင် ကျားဖြန့်စင်တာတစ်ခုကို KNLAတပ်က ဝင်ရောက်စီးနင်း

  • Writer: BVJ
    BVJ
  • 2 days ago
  • 1 min read

အီးကေ/BVJ_နိုဝင်ဘာ ၂၃၊ ၂၀၂၅

ree

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မင်းလက်ပံကျေးရွာထဲက DKBAဗိုလ်သခွားသီးပိုင် ကျားဖြန့်စင်တာတစ်ခုကို KNLAကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဝင်ရောက်စီးနင်းပြီး လက်နက်တစ်ရာ့ခုနှစ်ဆယ်ကျော်နဲ့ DKBA အဖွဲ့ဝင် ၂၀ ဦးကိုထိန်းသိမ်းခဲ့ပါတယ်။ အဲ့ဒီစီးနင်းမှုဟာ နိုဝင်ဘာ ၂၁ရက်နေ့က ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ KNLAတပ်ဖွဲ့နဲ့နီးစပ်တဲ့ မြဝတီဒေသခံတစ်ဦး အတည်ပြုချက်အရ သိရပါတယ်။


နိုဝင်ဘာ ၂၁ ရက်မှာ KNLAပူးပေါင်းတပ်ကို သေနတ်နဲ့စတင်ပစ်ခတ်ခဲ့တဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်က အဲ့ဒီကျားဖြန့်စင်တာကို ဝင်ရောက်စီးနင်းပြီး DKBAတပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးထိန်းသိမ်းတာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။


မြဝတီမြို့၊ရွှေကုက္ကိုမြို့သစ် ကျားဖြန့်စင်တာစီးနင်းမှုမှာလည်း ကျားဖြန့်ခေါင်းဆောင်တွေကို BGFတပ်တွေရှိတဲ့ဖက်ကိုပို့ထားပြီး၊ ဗမာစကားတတ်တဲ့ ဒေသခံရာနဲ့ချီပိတ်မိနေကြောင်းကိုလည်း မြဝတီဒေသခံက Burma VJ ကို အတည်ပြုပါတယ်။


“အခုလဲရွှေက္ကိုက တကယ့်ခေါင်တရုတ်တွေကို BGFဗိုလ်တင်ဝင်းရဲ့ဌာနချုပ်ဝင်းနဲ့လှိုင်းဘွဲ့BGF တပ်နယ်တွေဖက်ရွှေ့ထားတယ်။ ပြီးတော့ အလုပ်သမားအဆင့် ၁၃/မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့၊ ဗမာစကားတတ်တဲ့တိုင်းရင်းသားတွေ မိမိဒေသပြန်တဲ့အခါ စကစဂိတ်တွေကတစ်ယောက်ကိုကျပ် ငွေ၅၀၀၀၀/၁၀၀၀၀၀ယူပြီးလွှတ်ပေးတယ်။ မွန်ပြည်နယ်ဖက်ကဘီးလင်း၊ သထုံ၊စစ်တောင်းဂိတ်တွေက ငွေမပေးနိုင်ရင်‌ပြန်ဖမ်းထားလို့ ရာနဲ့ချီပြီးပိတ်မိနေကြတယ်”
ree

နိုဝင်ဘာ၁၈ရက်နေ့က စတင်စီးနင်းခဲ့တဲ့ကျားဖြန့်စင်တာ ရွှေကုက္ကိုလ်စီးနင်းမှုမှာ နိုဝင်ဘာ၂ ၃ရက်နေ့အထိကို နိုင်ငံခြားသား ၁၅၄၀ ဖမ်းဆီးမိခဲ့ပြီး ကွန်ပျူတာအလုံး သုံးထောင်ကျော်၊ မိုဘိုင်းဖုန်း နှစ်သောင်းကျော်တို့ကို သိမ်းဆည်းမိထားတယ်လို့ သိရပါတယ်။


နိုင်ငံတကာရာဇဝတ်ဂိုဏ်း ကရင်အမျိုးသားတပ်မတော်-BGFတပ်ဖွဲ့ ခေါင်း ဆောင်စောချစ်သူနဲ့ ပတ်သက်ဆက်နွယ်နေတဲ့ ဒီမိုကရက်တစ်ကရင်ဗုဒ္ဓဘာသာတပ်မတော် (DKBA)တပ်ဖွဲ့နဲ့ တပ်ဖွဲ့ခေါင်းဆောင်လေးဦးကို အမေရိကန်က ပိတ်ဆို့အရေးယူထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page