မိုးဗြဲတိုက်ပွဲအတွင်း လက်နက်ကြီးထိပြီး ကရင်နီတပ်ဖွဲ့ကတပ်စိတ်မှူး ကျဆုံး
- BVJ

- Jul 4, 2025
- 1 min read
BVJ_ မိုနာ_ ဇူလိုင် ၃၊ ၂၀၂၅

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီ(ကယား)ပြည်အစပ်ရှိ မိုးဗြဲမြို့တိုက်ပွဲအတွင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF၊ ဗျူဟာအမှတ် (၉)၊ တပ်ရင်း ၁၀၂၊ တပ်စိတ်(၂)က တပ်စိတ်မှူး ရဲမင်းအောင် (ခ)အရှည်ကြီး (၂၈)နှစ် ကျဆုံးသွားတယ်လို့ တပ်ဖွဲ့က အသိပေးပါတယ်။
တပ်စိတ်မှူး ရဲမင်းအောင် (ခ)အရှည်ကြီးဟာ ဇွန်လ ၃၀ရက် မိုးဗြဲတိုက်ပွဲမှာတိုက်ပွဲဝင်ရင်း ရန်သူ့လက်နက်ကြီးစ ရင်ဘတ်ထိမှန်ပြီး မြင့်မြတ်စွာကျဆုံးခဲ့ရတာဖြစ်တယ်လို့ တပ်ရင်း၁၀၂က ထုတ်ပြန်ထားပါတယ်။
ကရင်နီပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီဟာ အင်အားအလုံးအရင်းနဲ့ ၂၀၂၄နှစ်ကုန်ပိုင်းကတည်းက စစ်ကြောင်းထိုးအပြင်းအထန်တိုက်ခိုက်နေတာကြောင့် ဒေသကာကွယ်ရေးတပ်တွေဟာ ခုခံတိုက်ခိုက် နေကြတာဖြစ်ပါတယ်။
အဲ့ဒီနောက် အခုနှစ် ဇွန်လလယ်မှာ နှစ်ဘက်တိုက်ပွဲတွေပိုမိုပြင်းထန်လာပြီး မနေ့က ဇူလိုင်၂ရက် ညနေပိုင်းမှာ စစ်ကောင်စီက မိုးဗြဲမြို့ကိုပြန်လည်ထိန်းချုပ်သွားပြီလို့ တိုက်ပွဲဝင်နေတဲ့ ကရင်နီမြေပြင်တပ်မှူးတွေက Burma VJကို အတည်ပြုပြောထားပါတယ်။




Comments