top of page

စပိန်ကိုရှုံးနိမ့်ပြီးနောက် ပြင်သစ်နည်းပြဒီဒီယာ ဒက်ချန့်စ် ရာထူးကနေနုတ်ထွက်သွား

  • Writer: BVJ
    BVJ
  • Jul 15
  • 1 min read

ပြင်သစ် ၀ - ၂ စပိန်

၂၀၂၆ ခုနှစ်၊ဖီဖာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်အသင်းက စပိန်အသင်းကို ၀-၂ဂိုးနဲ့ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ပြင်သစ်နည်းပြ ဒီဒီယာ ဒက်ချန့်စ်ဟာ ရာထူးကနေနုတ်ထွက်သွားပါတယ်။


၁၉၉၈ ခုနှစ်မှာကစားသမားတစ်ဦးအဖြစ်လည်းကောင်း၊ ၂၀၁၈ခုနှစ်မှာ နည်းပြတစ်ဦးအဖြစ်လည်းကောင်း ကမ္ဘာ့ဖလားကိုရယူနိုင်ခဲ့တဲ့ အသက် ၅၇ နှစ်အရွယ်နည်းပြကြီး ဒီဒီယာ ဒက်ချန့်စ်ရဲ့တတိယအကြိမ်မြောက် ကမ္ဘာ့ဖလားကို ထပ်မံဆွတ်ခူးလိုတဲ့အိပ်မက်ဟာ ဒီရှုံးပွဲနဲ့အတူအဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

ဒါလပ်စ်ကွင်းမှာယှဉ်ပြိုင်ကစားခဲ့တဲ့ အခုပွဲစဉ်မှာ စပိန်အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ပြင်သစ်အသင်းကို ခံစစ်ပိုင်းအကောင်းဆုံးကန့်သတ်ထိန်းချုပ်နိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်တွေနဲ့အနိုင်ယူသွားခဲ့ပါတယ်။ စပိန်အသင်းဟာ ပြိုင်ဘက်ကစားကွက်ကို အလုံးစုံထိန်းချုပ်နိုင်တဲ့ ပြောင်မြောက်တဲ့လက်ရာမြောက်ကစားဟန်နဲ့ သမိုင်းတလျှောက် ဒုတိယအကြိမ်မြောက်ကမ္ဘာ့ဖလား ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။ စပိန်အသင်း အသာစီးရယူအနိုင်ယူသွားပုံက တကမ္ဘာလုံးကိုအံ့အားသင့်သွားစေခဲ့ပါတယ်။

စပိန်အသင်းအတွက်သွင်းဂိုးတွေကို ပွဲချိန် ၂၂ မိနစ်မှာ မီကယ် အိုယာဇာဘယ်က ပယ်နယ်တီကနေတဆင့်လည်းကောင်း၊ ဒုတိယပိုင်း ၅၈ မိနစ်မှာ ပက်ဒရို ပိုရိုက တန်ပြန်တိုက်စစ်ကနေတဆင့်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် ဥရောပချန်ပီယံစပိန်အသင်းဟာ လာမယ့်တနင်္ဂနွေနေ့ဗိုလ်လုပွဲမှာ အင်္ဂလန်နဲ့ အာဂျင်တီးနားတို့ပွဲစဉ်ကအနိုင်ရရှိတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ စပိန်အသင်းအနေနဲ့ အရင်က ကမ္ဘာ့ဖလားဗိုလ်လုပွဲကိုတစ်ကြိမ်သာတက်ရောက်ခဲ့ဖူးပြီး ၂၀၁၀ပြည့်နှစ် တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ အင်ဒရေ အန်နီယေစတာရဲ့သွင်းဂိုးနဲ့ နယ်သာလန်ကိုအနိုင်ယူကာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page