ဒီးမော့ဆိုအနောက်ခြမ်း ဗုံးကြဲခံရပြီး ရဲဘော်တွေအပါအဝင်သေဆုံးမှုရှိ
- BVJ

- Nov 3
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၅

ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်အုပ်စုက လေကြောင်းကနေ ဒီနေ့ နိုဝင်ဘာ ၃ရက်မနက်မှာဗုံးကြဲခဲ့တာကြောင့် ရဲဘော်တွေအပါအဝင်သေဆုံးသူတွေရှိခဲ့တယ်လို့ ဒေသခံဆီက သိရပါတယ်။
"မနက် ၇နာရီလောက်က ဒရုန်းနဲ့အရင်လာကြဲတယ်။ ပြီးတော့ ဂျက်ဖိုက်တာနဲ့လာကြဲတယ်။ လောလောဆယ်တော့ သေဆုံးသူက၅ဦး။ အဲ့ထဲမှာ ကရင်နီရဲတပ်ဖွဲ့က ရဲဘော်တွေလည်းပါတယ်"လို့ ဒေသခံက Buram VJကိုပြောပါတယ်။
သေဆုံးသူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်မှာ ဒီးမော့ဆိုမြို့နယ်အပါအဝင် လွိုင်ကော်မြို့နယ်အရှေ့ခြမ်း၊ ဖရူဆို၊ ဘောလခဲနဲ့ ရှမ်း-ကရင်နီအစပ် ဖယ်ခုံမြို့တို့မှာ စစ်အုပ်စုက စစ်မျက်နှာ ငါးခုဖွင့်စစ်ကြောင်းထိုးနေတာကြောင့် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေကြောင်းကို ပြီးခဲ့တဲ့အောက်တိုဘာ လလယ်မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက အသိပေးထားပါတယ်။
စစ်အုပ်စုဟာ လူနေအိမ်တွေကိုမီးရှို့၊ လက်နက်ကြီး ဒရုန်းတွေနဲ့ပစ်ခတ်နေတာကြောင့်လည်း ပြည်သူတွေစစ်ရေးနဲ့လုံခြုံရေးသတိရှိကြဖို့ကို တိုက်တွန်းထားပါသေးတယ်။







Comments