ထိုင်းကျောင်းကိုပစ်ခတ်ခဲ့သူ သေနတ်သမားကျောင်းသားရဲ့နေအိမ်မှာ ပစ်ခတ်ခံရပြီးသေဆုံးနေတဲ့ အဘိုးနဲ့အဘွားကိုထပ်တွေ့
- BVJ

- Aug 7
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၇၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ဘန်ကောက်မြောက်ပိုင်းက Debsirin နွန်ထဘူရီကျောင်းကို သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ ကျောင်းသားဟာ သူ့ရဲ့နေအိမ်မှာ မိသားစုဝင်နှစ်ဦးဖြစ်တဲ့အဘိုးနဲ့အဘွားကိုလည်း ပစ်သတ်ခဲ့တယ်လို့ယူဆရတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ဒီနေ့ သြဂုတ် ၇ရက်မနက်ပိုင်းမှာ Debsirin နွန်ထဘူရီကျောင်းမှာကျောင်းသားလူငယ်တစ်ဦးက သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဲ့ဒီပစ်ခတ်မှုကြောင့် လက်ရှိမှာ ဆရာ(၃)ဦး၊ကျောင်းသား(၃)ဦးသေဆုံးမှုရှိခဲ့ပါတယ်။ ပစ်ခတ်ခဲ့သူကျောင်းသားဟာလည်း သူ့ကိုယ်သူသေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်သွားခဲ့တာကြောင့် သေဆုံးသူ(၇)ဦးအထိရှိခဲ့တာကို ထိုင်းအာဏာပိုင်တွေကအတည်ပြုထားပါတယ်။

ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၅ဦးခန့်လည်းရှိခဲ့ပြီး ထိုင်းဝန်ကြီးချုပ် အနုတင်လည်း ပစ်ခတ်မှုဖြစ်ပွားတဲ့ကျောင်းကိုရောက်ရှိနေပြီး ဝမ်းနည်းကြောင်းပြောထားပါတယ်။
တာဝန်ရှိသူတွေဟာ သေနတ်သမားကျောင်းသားရဲ့နေအိမ်ကိုသွားရောက်စစ်ဆေးချိန်မှာလည်း အဲ့ဒီကျောင်းသားရဲ့အဘိုးအဘွားလို့ယူဆရသူနှစ်ဦးဟာ နေအိမ်မှာပစ်ခတ်ခံရလို့သေဆုံးနေပြီး သေဆုံးသူတွေဟာ ဘယ်သူတွေဖြစ်ကြောင်းနဲ့ ဘယ်လိုသေဆုံးခဲ့လဲဆိုတာကိုတော့ ရဲကအသေးစိတ်စုံစမ်းနေဆဲဖြစ်တယ်လို့ ထိုင်းသတင်းဌာနတခုဖြစ်တဲ့ Khasod သတင်းမှာ Breaking Newsအဖြစ်ဖော်ပြလာပါတယ်။
အဘိုးဟာ မီးဖိုခန်းထဲမှာပစ်ခတ်ခံရပြီးသေဆုံးနေကာ အဘွားကတော့ အိပ်ခန်းထဲမှာပစ်ခတ်ခံရပြီးသေဆုံးနေတာလို့သိရပါတယ်။

ပစ်ခတ်ခဲ့တဲ့ကျောင်းသားရဲ့အဖေဖြစ်သူဟာလည်း ကျောင်းကိုသွားရောက်ပြီးစစ်ဆေးမှုခံယူနေဆဲဖြစ်တယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီ (Kanchanaburi) ခရိုင်အတွင်းက childcare centreတခုကိုကားတစ်စီးဝင်တိုက်ခဲ့တာကြောင့် လူ၁၀ဦးခန့်ထိခိုက်သွားခဲ့ကြောင်းနဲ့ ဖြစ်စဉ်ဖြစ်ပွားချိန်ဟာ ကလေးငယ်တွေနေ့ခင်းအိပ်နေတဲ့အချိန်ဖြစ်ပြီး လက်ရှိမှာဖြစ်စဉ်ကိုစုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ Rattanavudh ဖောင်ဒေးရှင်းကထုတ်ပြန်ထားပါတယ်။




Comments