top of page

ဒေါ်မျိုးမျိုးအေးနဲ့ အလုပ်သမားအရေးလှုပ်ရှားသူနှစ်ဦး ပြန်လည်လွတ်မြောက်လာ

  • Writer: BVJ
    BVJ
  • Oct 21
  • 1 min read

အီးကေ/BVJ_အောက်တိုဘာ၂၀၊ ၂၀၂၅

ree

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် မြန်မာ STUMအဖွဲ့ ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး အပါအဝင် အလုပ်သမားအရေးလှုပ်ရှားသူနှစ်ဦး အင်းစိန်အကျဥ်းထောင်က ဒီနေ့ပြန်လွတ်လာပြီလို့သိရပါတယ်။


ဒီနေ့အောက်တိုဘာ၂၀ရက်နေ့ ညနေ၄:၃၀ခန့်မှာ ဒုသမ္မတအမိန့်နဲ့လက်ရှိစွဲဆိုထားတဲ့အမှုအားလုံးရုတ်သိမ်းကြောင်း အင်းစိန်ထောင်မှာလာဖတ်ပြခဲ့ပြီးနောက် သူတို့ကိုပြန်လွှတ်ပေးလိုက်တာကြောင့် အခုနေအိမ်မှာပြန်ရောက်နေကြပြီလို့ STUMအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။


ဒေါ်မျိုးမျိုးအေးနဲ့အတူ အခြားအလုပ်သမားအရေးလှုပ်ရှားသူနှစ်ဦးဖြစ်တဲ့ ကိုသက်နှင်းအောင်နဲ့ မသက်ထားဆွေတို့လည်းပြန်လွတ်လာကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် အတူတူဖမ်းခံထားရတဲ့ STUM ဝန်ထမ်း ၉ ဦးကိုတော့ပြန်လွှတ်မပေးသေးပါဘူး။


မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် MICS-TUsFရဲ့ အထွေထွေအတွင်းရေးမှုးချုပ် ကိုသက်နှင်းအောင်ဟာ ၂၀၂၁ခုနှစ် ဇွန်လ ၁၈ ရက်ထဲကဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး ဒီနေ့အောက်တိုဘာ၂၀ရက်မှာပြန်လွတ်လာတာဖြစ်ပါတယ်။

ree

မြန်မာနိုင်ငံတွင်းက အလုပ်သမားတွေရဲ့အခွင့်အရေး ဦးဆောင်ဖြေရှင်းပေးနေတဲ့ သွေးစည်းညီညတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ( Solitary Trade Union of Myanmar -STUM)အဖွဲ့ ဦးဆောင်သူ ဒေါ် မျိုးမျိုးအေးအပါအဝင် အဖွဲ့ဝင် (၁၁) ဦးကို အာဏာသိမ်းစစ်ကောင်စီက ၂၀၂၅ခုနှစ် ဇူလိုင်လ ၂၅၊၂၆၊၂၇ ၊၂၈ ရက်နေ့တွေမှာ နေရာအသီးသီးကနေဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page