လုပ်ကြံခံရတဲ့ စီဒီအမ်ကျောင်းအုပ်ဆရာမကြီးနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့ စျာပန ကျင်းပ
- BVJ

- Dec 22, 2025
- 1 min read
အေတီ/BVJ_ဒီဇင်ဘာ ၂၀၊ ၂၀၂၅

ဒီဇင်ဘာ၁၆ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၊ဆားခဲကျေးရွာမှာလုပ်ကြံခံခဲ့ရတဲ့ စီဒီအမ်ကျောင်းအုပ်ဆရာမကြီး ဒေါ်ပန်ထွာ(ခ) ဒေါ်အေသီအောင်နဲ့အမျိုးသား ဦးပြည့်ဖြိုးနိုင်တို့ရဲ့ စျာပနနဲ့ဆွေးကျွေးတရားနာပွဲကို ဒီနေ့ မှာ ပြုလုပ်ခဲ့ပါတယ်။

စျာပနနဲ့ဆွမ်းကျွေးတရားနာပွဲကို NUGအစိုးရလက်အောက်ခံ ပုလောပညာရေးဘုတ်အဖွဲ့ကဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်အသီးသီးနဲ့ မြေပြင်ပညာရေးမိသားစုတို့က ဆက်လက်ပူးပေါင်းဆောင်ရွက်နေပြီဖြစ်ကြောင်း ပုလောပညာရေးဘုတ်အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ပုလောမြို့နယ်၊ ဆားခဲကျေးရွာက NUG ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ စီဒီအမ်ဆရာမကြီး ဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဒီဇင်ဘာ၁၆ရက်နေ့မနက်ပိုင်းက နေအိမ်မှာလုပ်ကြံခံခဲ့ရပြီး လုပ်ကြံသတ်ဖြတ်ခဲ့တဲသူသုံးဦးကိုဖမ်းမိထားပြီလို့ နယ်မြေခံတစ်ဦးက Burma VJကိုအတည်ပြုထားပါတယ်။

စီဒီအမ် ဆရာမကြီး ဒေါ်ပန်ထွာ (ခ) ဒေါ်အေသီအောင်နဲ့ခင်ပွန်းဖြစ်သူတို့ လုပ်ကြံခံရမှုနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲသတင်းတွေကိုစုံစမ်းပြီး BVJ မှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဓာတ်ပုံ- ပုလောမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့







Comments