top of page

ဒေါ်အောင်ဆန်းစုကြည်ကို အရေးပေါ် ဆေးကုသပေးဖို့နဲ့လွှတ်ပေးဖို့ တောင်းဆိုမှုတွေရှိလာ

  • Writer: BVJ
    BVJ
  • 21 hours ago
  • 1 min read

မိုနာ/BVJ_စက်တင်ဘာ ၈၊ ၂၀၂၅

ree

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေပိုဆိုးရွားလာတာကြောင့် အာဏာသိမ်းစစ်အုပ်စုအနေနဲ့ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ပေးဖို့နဲ့ ဒီကိစ္စကို နိုင်ငံတကာအသိုင်းအဝန်းက ဝင်ရောက်ပါဝင်ကူညီပေးဖို့သားငယ်ဖြစ်သူ ကိုထိန်လင်းကထုတ်ပြောပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့နဲ့ လွှတ်ပေးဖို့အတွက် လှုပ်ရှားတောင်းဆိုမှုတွေပြုလုပ်လာကြပါတယ်။

 

စစ်တပ်ကဖမ်းဆီးအကျဉ်းချထားတဲ့ အသက် ၈၀ ရှိပြီဖြစ်တဲ့မိခင်ဟာ အခုအချိန်မှာ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ နှလုံးရောဂါအခြေအနေဟာပိုဆိုးလာပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လုံလောက်စွာမရရှိကြောင်း သားဖြစ်သူကိုထိန်လင်းက စက်တင်ဘာ ၄ရက်မှာ ပြောထားတာပါ။

 

အဲ့ဒီနောက် ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်လပ်စွာဆေးကုသခွင့်နဲ့ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံတွေနဲ့အဖွဲ့အစည်းတွေက ကူညီပေးကြဖို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLDကလည်း မနေ့က စက်တင်ဘာ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

 

ဒါ့အပြင် စစ်အာဏာရှင်ကိုဆန့်ကျင်တော်လှန်နေကြပြီး တော်လှန်ရေးမှာပါဝင်နေကြသူတွေဖြစ်တဲ့ အလှမယ် ထားထက်ထက်နဲ့မေမြတ်နိုးတို့ကလည်း အရေးပေါ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နဲ့ နိုင်ငံ​ရေးအကျဉ်းသားတွေ၊ မတရားဖမ်းဆီးခံထားရသူတွေအားလုံး ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့နဲ့ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့ လှုပ်ရှားတောင်းဆိုမှုအနေနဲ့ Speak Out လုပ်လာကြပါတယ်။

 

ree

အမျိုးသားညီညွတ်ရေးအစိုးရ-NUGကလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဒီနေ့မှာထုတ်ပြန်ကြေညာလာပြီး ထိရောက်တဲ့ဆေးကုသခွင့်မပေးခြင်းဟာ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ အသက်အန္တရာယ်ခြိမ်း‌ခြောက်တာဖြစ်တာကြောင့် ဖြစ်လာမယ့်အကျိုးဆက်အားလုံးကို စစ်အုပ်စုက အပြည့်အဝတာဝန်ယူရမယ်လို့ ပြောထားပါတယ်။

 

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုကိုထိရောက်တဲ့ဖိအားပေးမှုတွေ အဆောတလျင်ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါသေးတယ်။

 

ree

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ၂၀၂၁ခုနှစ် အာဏာသိမ်းတဲ့ညကထဲကဖမ်းဆီးထားတာ လေးနှစ်ရှစ်လကျော်ကြာမြင့်လာပြီဖြစ်ပြီး လက်ရှိအချိန်ထိ ဘယ်မှာဖမ်းဆီးထားလဲဆိုတာနဲ့ ကျန်းမာရေးအခြေအနေတွေကို မိသားစုဝင်တွေကို အသိပေးအကြောင်းကြားတာမျိုးမရှိခဲ့ပါဘူး။  

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page